လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းတွေ့ကြုံ ခဲ့ရတဲ့လုပ်ငန်းများကိုအခြေခံပြီး တရုတ် ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးတင်သွင်း တဲ့ လုပ်ငန်းအစီရင်ခံစာမှာ ဝမ်ကျား ပေါင်က ပြည်တွင်း ဝယ်လိုအားက အဓိ က ကျတဲ့နေရာမှာရှိပြီး အလားအလာ ကောင်းတွေ တည်ရှိတဲ့ နေရာလည်း ဖြစ်ပါကြောင်း(၁၂) ကြိမ်မြောက် အမျိုး သား ပြည်သူ့ကွန်ဂရက် (NPC) ကို တက်ရောက်လာတဲ့ အမျိုးသား ညီလာခံကိုယ်စားလှယ် ၃၀၀၀ ကို သူက ပြောပါတယ်။
စားသုံးမှုက စီးပွားရေး ဖွံ့ဖြိုးမှု အတွက် တရုတ်နိုင်ငံရဲ့ အဓိကပင်မ မောင်းနှင်အားဖြစ်လာပြီး ၂၀၁၂ ခုနှစ် တရုတ် စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ရဲ့ ၅၁ ဒသမ ၈ ရာခိုင်နှုန်း ရှိ ခဲ့ပါတယ်။ ပုံသေ ရရန်ပိုင်ခွင့် ရင်းနှီး မြှုပ်နှံမှုက ဂျီဒီပီရဲ့ ၅၀ ဒသမ ၄ ကို အထောက်အကူ ပေးခဲ့ကြောင်း အမျိုး သားစာရင်းအင်း ဗျူရို (NBS) က ရရှိထားတဲ့ စာရင်းဇယားတွေအရ တွေ့ ရပါတယ်။ အခြား စီးပွားရေး မောင်း နှင်အား တစ်ခုအဖြစ် ယူဆထားတဲ့ ပို့ ကုန်လုပ်ငန်းက ယခင်နှစ်က ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း NBS စာရင်းအရ တွေ့ရပါတယ်။ ဒါပေမဲ့ လူသုံးကုန်တွေကိုလက်လီ ရောင်းချမှုက ယခင်နှစ်က ယွမ် ၅၁ ဒသမ ၆ ထရီလီယံရှိခဲ့တဲ့ ဂျီဒီပီရဲ့ ၂၁ ရာခိုင်နှုန်းနဲ့ညီမျှတာကိုတွေ့ရပြီး ရင်း နှီးမြှုပ်နှံမှုမှာ ၇၂ ရာခိုင်နှုန်းရှိတာ တွေ့ ရပါတယ်။ တစ်ဦးချင်းစားသုံးမှုကို မြှင့် တင်နိုင်ဖို့အတွက် အစိုးရကပြည်သူလူ ထုရဲ့ စားသုံးမှုစွမ်းရည်ကို တိုးမြှင့်ဖို့၊ သူတို့ရဲ့စားသုံးမှုမျှော်မှန်းချက်ကို တည် ငြိမ်အောင်ထိန်းသိမ်းဖို့၊ သူတို့ရဲ့စားသုံး လိုတဲ့ဆန္ဒကိုမြှင့်တင်ဖို့၊ စားသုံးမှုပတ် ဝန်းကျင်ကိုတိုးတက်အောင်ဆောင်ရွက် ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ စားသုံးမှုကို မောင်းနှင်အားအဖြစ်ထားပြီး သွားတဲ့ပုံစံ ဖြစ်အောင် ဆောင်ရွက်ဖို့ အစိုးရကို ဝမ်က တိုက်တွန်းထားပါတယ်။ လူသုံးကုန်ပစ္စည်းတွေကို လက်လီ ရောင်းချမှုက ၂၀၁၂ ခုနှစ်က ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ် မှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်ဖို့ အစိုးရကရည်မှန်းထား ကြောင်း အမျိုးသား ဖွံ့ဖြိုးရေးနဲ့ ပြု ပြင်ပြောင်းလဲရေးကော်မရှင်က အမျိုး သားပြည်သူ့ကွန်ဂရက်ကို မတ် ၅ ရက် က တင်သွင်းတဲ့ ၂၀၁၂ ခုနှစ် စီမံကိန်း အကောင်အထည်ဖော်မှုနဲ့ ၂၀၁၃ ခုနှစ် အတွက် စီမံကိန်း မူကြမ်းမှာ ဖော်ပြ ထားပါတယ်။
