Main menu

Background

တောင်ကိုရီးယား ပြည်တွင်း အခြေပြုကုမ္ပဏီများရဲ့ အမြတ်အစွန်းက ပို့ကုန်လုပ်ငန်းရှင်များကို ကျော်လွန်

Tue, 03/12/2013 - 04:18 -- ydnar

ပြည်တွင်းငွေကြေးခိုင်မာမှုက ကုန် ကျ စရိတ်ကို သက်သာစေတဲ့အတွက် တောင်ကိုရီးယားမှာရှိတဲ့ ပြည်တွင်းဈေး ကွက် အခြေပြုကုမ္ပဏီတွေရဲ့ အကျိုး အမြတ် ဖြစ်ထွန်းနှုန်းက လက်ရှိအချိန် မှာ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ အကျိုး အမြတ်ကို ကျော်လွန်နေတာကို မတ် ၄ ရက်က ထုတ်ပြန်တဲ့ စာရင်းများအရ တွေ့ရကြောင်း ယွန်းဟပ်သတင်းစဉ် မှာ ဖော်ပြထားပါတယ်။ပြည်တွင်းအခြေပြု ကုမ္ပဏီကြီး ၂၅ ခုရဲ့အသားတင် အမြတ် စုစုပေါင်းက ၂၀၁၂ ခုနှစ် စတုတ္ထ သုံးလပတ်မှာ ဝမ် ၁ ဒသမ ၈၁ ထရီ လီယံ (ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံ) ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အလားတူ ကာလကရှိခဲ့တဲ့ ဝမ် ၈၈၈ ဒသမ ၅ ဘီလီယံထက် ၁၀၄ ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ခဲ့တာဖြစ်ကြောင်း ပြည် တွင်းမှ ဘဏ္ဍာရေးအချက်အလက်ပြန် ကြားရေးအေဂျင်စီ FnGuide ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူကာလအတွင်း တောင် ကိုရီးယားပို့ကုန်လုပ်ငန်းရှင် ၈၄ ဦးရဲ့ အကျိုးအမြတ်တိုးတက်နှုန်းက နှစ် အလိုက်တိုးနှုန်း ၂၉ ဒသမ ၉ ရာခိုင်နှုန်း သာရှိပြီး တန်ဖိုး ဝမ် ၁၃ ဒသမ ၉ ထရီလီယံသာရှိခဲ့ကြောင်း စာရင်းဇယား တွေအရ သိရပါတယ်။ ပြည်တွင်းဈေး ကွက်အခြေပြုကုမ္ပဏီတွေရဲ့ ပို့ကုန် လုပ်ငန်းရှင်တွေအကြားမှာ ကွာဟချက် ကြီးမားရတာဟာ အဓိကအားဖြင့် တောင်ကိုရီးယားငွေကြေးတန်ဖိုးမြင့်တက် လို့ဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံမှာ ငွေကြေး မူဝါဒတွေအကြီးအကျယ်လျှော့ချခဲ့လို့ ဖြစ်ရကြောင်း လေ့လာဆန်းစစ်သူတွေ က သုံးသပ်ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ တောင်ကိုရီးယားဝမ်တန်ဖိုး က ယန်းငွေနဲ့ဖလှယ်ရာမှာ ၁၅ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ လျင်မြန်စွာ တန်ဖိုးကျဆင်းနေတဲ့ ယန်းငွေနဲ့ဖလှယ် ရာမှာ ဝမ်ငွေ တန်ဖိုး မြင့်မားနေတဲ့ အတွက် တောင်ကိုရီးယားပို့ကုန် လုပ် ငန်းရှင်တွေက ကမ္ဘာ့ဈေးကွက် ထဲမှာ ဂျပန်နဲ့တရုတ်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် တဲ့အခါ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် ကျဆင်း ခဲ့ရပါတယ်။