Main menu

Background

ဈေးကွက်အသာစီးရအောင် ဆောင်ရွက်ရန်လို

Tue, 03/12/2013 - 04:25 -- ydnar

မိမိတု့ိရောင်းချမဲ့ကုန်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး  ဈေးကွက် အသာစီး ရအောင် ဆောင်ရွက်ကြဖို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ၁၃း၀၀ ချိန်က ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နိုင် မြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးကို စစ်တွေမှာ မကြာခင် လာရောက်ဖွင့်လှစ်တော့မှာဖြစ်တဲ့ အတွက် စစ်တွေဒေသ ရှိ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံနဲ့ လည်း ကုလား တန်မြစ်ကြောင်းမှတစ်ဆင့် တိုက်ရိုက်ကုန်သွယ်နိုင်တော့မှာဖြစ်ပါတယ်။ ကုန်သွယ်မှုနယ် ပယ်ကျယ်ပြန့်လာပြီး စီးပွားရေးဝယ်လက်ကောင်းများအား ယှဉ်ပြိုင်ရောင်းချနိုင်တော့မှာဖြစ်သလို နည်း ပညာနဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုအခွင့်အလမ်းများ ရရှိတော့မှာဖြစ်လို့ ဈေးကွက် အသာစီး ရရှိ အောင်ဆောင်ရွက်ရေး ဦးရန်နိုင်မြင့်က တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ (စစ်တွေ) MIRT (DOBT)