Main menu

Background

တမူးတွင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဆွေးနွေး

Tue, 03/12/2013 - 04:26 -- ydnar

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တမူးရဲ့ ဖေ ဖော်ဝါရီလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီမှာ အဆိုပါရုံးရှိ  အစည်းအဝေးခန်းမမှာ ကျင်းပရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်း ရှင်များ၊ITC လုပ်ငန်းရှင်များနှင့် ကားဂိတ် တာ ဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဆွေးနွေးပွဲမှာ တမူးနယ်စပ်ကုန်သွယ်ရေး ညွှန် ကြားရေးမှူး ဦးဝင်းတင့်မှ ယခင်က ကုမ္ပဏီလုပ် ငန်းရှင်များ သာကုန်သွယ်မှုပြုရာမှာယခုအခါ ITC လုပ်ငန်းရှင်များပါ ကုန်သွယ်မှုပြုလာသဖြင့်  ကုန် သွယ်မှုမှာ ယခင်ထက် တိုးတက်ရမှာဖြစ်ကြောင်း၊ တိုးတက်အောင်လည်းပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း၊ တရား ဝင် ကွမ်းစားဆေးနဲ့ပတ်သက်၍ ဆွေးနွေးတင်ပြလိုကြောင်း၊ ကွမ်းစားဆေး Signal 350   ကဲ့သို့ သွင်းကုန်ပစ္စည်းများမှာ Tobacco Kill ဟု စာတမ်းဖြင့် ထုတ်လုပ်ထားပြီး ပြည်သူများမှ စားသုံးရန်မသင့်သော်လည်း အချို့ကုန်သည်လုပ် ငန်းရှင်များမှ တရားမဝင် တင်သွင်းခြင်း၊ ရောင်း ချခြင်းများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ FDA မှလည်း ပြည်သူများစား သုံးရန်မသင့်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကုန် သွယ်မှုပြုရာတွင်  မိမိအကျိုး၊ နိုင်ငံတော်အကျိုး၊ ပြည်သူများ အကျိုးကိုကြည့်၍ ကုန်သွယ်မှု ပြု သင့်ကြောင်း ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။တမူး နယ်စပ်ကုန်သွယ်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းတင်မှလည်း ကုန်သည်အသင်းအနေ ဖြင့်  ITC ကတ်ဖြင့် ဆောင်ရွက်နေတဲ့လုပ်ငန်းရှင် ငယ်များရဲ့ အခက်အခဲကို တင်ပြလိုပါကြောင်း၊  ITC မှတ်ပုံတင်ကတ်ကို ၆၅ ဦး လုပ်ထားသော် လည်း ယခုလ ၄၀ ဦးသာ ဆောင်ရွက်နိုင်ပြီး ကျန် ၂၅ ဦး ဆောင်ရွက်နိုင်ခြင်း မရှိေ သးကြောင်း၊ လေ့လာကြည့်ရာမှာတော့ စားသောက်ကုန်တင် သွင်းမဲ့ လုပ်ငန်းရှင်များဖြစ်နေကြောင်း၊FDA အခက်အခဲကြောင့် လောလောဆယ် ကုန်သွယ်မှု မဆောင်ရွက်နိုင်သေးတာ တွေ့ရှိရပါကြောင်း၊FDA  ရုံးခွဲများ တမူးမှာ လာရောက်ဖွင့်လှစ်နိုင်ပါ  က စားသောက်ကုန်နဲ့ပတ်သက်တဲ့အခက်အခဲများ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုပါ မြင့်တက်လာ မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။လှမင်းထွန်း (တမူး)