မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အောက်ခြေအဆင့်အရာရှိများ ပူးတွဲ လုပ်ငန်းအဖွဲ့အစည်း အဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို သီးခြားခေါ်ယူရန်လို အပ်ကြောင်း၊ တစ်ဖက်နိုင်ငံတွင် အစည်းအဝေး မတက်ရောက်မီ မိမိတို့ဘက်ခြမ်း၌ တက်ရောက်မည့် ဌာနဆိုင်ရာများ၊ ကုန်သည်များ အကြိုညှိနှိုင်းအစည်းအဝေးကို မဖြစ်မနေ ကျင်းပရန်လိုအပ်ကြောင်း၊ ယင်းအစည်းအဝေး တွင် ဆွေးနွေးလိုသည့်အချက်များကို တင်ပြကြမည်ဖြစ်ေ ကြာင်းကို မောင်တောကုန်သည်များအသင်း ဥက္ကဋ္ဌမှ ဖေဖော်ဝါရီ ၂၆ ရက် မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကုန်သည်များအနေဖြင့် ကုန်သွယ်မှုအပိုင်းတွင် မိမိတို့ဘက်မှ လိုအပ်ချက်များကို ထိထိေ ရာက် ရောက် ဆွေးနွေးဖို့လိုပါကြောင်း၊ လို အပ်သည့်အခွင့်အရေးကိုလည်း ထိထိရောက်ရောက် တောင်းခံဖို့ လိုပါကြောင်း၊ မိမိတို့ဘက်မှ ပို့ကုန်တင်ပို့မှုအပိုင်းတွင် တစ်ဖက်နိုင်ငံမှ ကန့်သတ်မှုများ အပေါ် ဖြေလျော့ပေးေ စလိုသည့် အချက်များရှိပါကလည်း တရားဝင် တောင်းဆိုနိုင်ပါကြောင်း၊ သို့မှသာ နှစ် နိုင်ငံကုန်သွယ်မှုတွင် မိမိတို့ကုန်သည် များနစ်နာဆုံးရှုံးမှုများမှ ကင်းဝေးမည် ဖြစ်ပါကြောင်းကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူး မှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: နကသ (မောင်တော)ခင်မိုးသူ