Main menu

Background

ကျောက်စိမ်း အရည်အသွေးနဲ့ ဆေးဆိုးကျောက် ဟုတ်၊ မဟုတ် စစ်ဆေးမှု ပြုလုပ်ပေးမယ်

Tue, 03/12/2013 - 04:31 -- ydnar

ကျောက်စိမ်းအရည်အသွေးနဲ့ ကျောက်စိမ်း ဆေးဆိုးကျောက်များအား စစ်ဆေးမှုပြုလုပ်ပေးမယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း နာယက ဦးအောင်သိန်းက "ယခု ၄ ၊ ၅ လ အတွင်းမှာ ရုံးခန်းဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ကျောက်အရည်အသွေး Grade A    ၊ Grade A  အဆင့်လိုက် စစ်ဆေးပေးမယ်။ ဆေးဆိုးကျောက်လား၊ ကျောက်အစစ်လားဆိုတာလည်း စစ်ဆေးပေးမယ်။ ကျောက်ဝိုင်းမှာ အရောင်းအဝယ်လုပ်တဲ့အခါ ဆေးဆိုး ကျောက်ပြဿနာ ခဏခဏဖြစ်တယ်။ ဆေးဆိုးကျောက်က တရုတ် ဝယ် လက်တွေ တောင်းဆိုရင်းနဲ့ ဖြစ်လာတာ။ ကျောက်ကိုအရောင်တင်မှ အရောင်း ပိုသွက်တယ်ဆိုပြီး အရောင်တင် တဲ့ပြဿနာဖြစ်လာတာ။ ကျောက်စိမ်းလက် ကောက်တစ်ကွင်းကို ကျပ် ၅၀၀ နဲ့ အရောင်တင်လာကြတယ်။ မကြာခင်မှာ စစ်ဆေးတဲ့အဖွဲ့ပေါ်လာပြီး အရေးယူမှုပြုလုပ်သွားမယ်"လို့ ပြောပါတယ်။

ကျောက်စိမ်းစစ်ဆေးတဲ့အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ရုံးခန်းမှာ ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါအဖွဲ့အား သတ္တုတွင်းဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။           ဇူးဇူး-မန္တလေး