Main menu

Background

စွယ်တော်ဘုရားအနီး ကုန်စည်ဂိုဒေါင်များ ငှားရမ်းမှုများပြီး 'လလ'အကွက်များ အရောင်းအဝယ် ပြန်ကောင်းနိုင်

Tue, 03/12/2013 - 04:33 -- ydnar

စွယ်တော်ဘုရားအနီး ပြည်ကြီးမင်္ဂ လာ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်း ကုန်တင်ဂိတ်များ ပြောင်းရွှေ့ဖို့ ဂိတ်လုပ်ငန်းရှင်များ  မဲနှိုက်ခြင်းများ ကြောင့် ဂိုဒေါင်များအတွက် ငှားရမ်းမှု လိုက်လာတယ်လို့ သိရပါတယ်။မန္တလေးမြို့မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ ၂၁၆ ဦး စာရင်း ပေးထားပြီး ၁ ဒသမ ၅ သိန်းတန် အခန်း ၁၃၇ ခန်း ဆောက်လုပ်ပြီးစီးလို့ မဲနှိုက်ခဲ့ကြောင်း၊ ကျပ် ၃ သိန်းတန် ၅ ခန်းလည်း မဲနှိုက်ခဲ့ကြောင်း၊ ကျန်ရှိတဲ့ ဂိတ်လုပ်ငန်းရှင်များအား  ဆက်လက် ဆောက်လုပ်ပေးမှာဖြစ်ကြောင်း၊ ယခု လဆန်းကစပြီး၊ ကုန်ဂိတ်များပြောင်းရွှေ့ ကြမှာဖြစ်လို့ ဂိုဒေါင်များပါ ငှားရမ်းဖို့ စီစဉ်လာကြောင်း သိရပါတယ်။

မြေအကျိုးဆောင်   ဦးမြင့်လွင့်က "ကုန်ဂိတ်တွေကို နေရာချပေးတာက ၂၀'x ၄၀' တိုက်ခန်းတွေကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့ ငှားရမ်းဖို့ သဘောတူ ကြတယ်။ ခုမဲနှိုက်ပြီး၊ဂိတ်ခန်းကို ပြောင်း ရွှေ့ဖို့ စီစဉ်နေကြပြီဆိုတော့ ဂိုဒေါင် တွေပါ ရွှေ့ရတော့မယ်။ သူများရွှေ့ရင် အခန်းမရသေးတဲ့ သူကလည်း ရွှေ့ဖို့ အဆင်ပြေအောင် ငှားရမ်းမှု ပြုလုပ် လာကြတယ်။ ၂၅'x ၆၀' နှစ်ထပ်တိုက် ခန်းတွေကို ငှားရမ်းဖို့ ပြင်ဆင်နေကြ တယ်။ တိုက်ခန်း ပိုင်ရှင်တွေကလည်း ငှားရမ်းမှုများလို့ တစ်ခန်းကို ကျပ် ၇ သိန်းနဲ့ ငှားမယ်လို့ ပြောတယ်။ ကျပ် ၅ သိန်း၊ ကျပ် ၆ သိန်းလောက်ဆိုရင် တော့ အငှားဖြစ်နိုင်တယ်။ ကုန်ဂိတ်ခန်း တွေအတွက် ၂၅'x ၆၀' တိုက်ခန်းကို စည်ပင်က ကျပ် ၃ သိန်းနဲ့ ချထားပေး တော့ ဂိုဒေါင်ငှားမယ့်သူတွေက ကျပ် ၄ သိန်းနဲ့ ငှားရမ်းချင်ကြတယ်"လို့ ပြော ပါတယ်။ ကုန်စည်ဂိတ်များ ပြောင်းရွှေ့ မှာဖြစ်လို့ အဆိုပါ ဂိတ်အနီးရှိ "လလ" မြေကွက်များပါ အခြေအနေကောင်း လာနိုင်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး