Main menu

Background

တရုတ်နယ်စပ်များမှ ပြောင်းတန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်

Tue, 03/12/2013 - 05:02 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးစခန်းများမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများမှ ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၀၀၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြောင်း တန်ချိန် ၂၆၃၉၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၆၀၀ ကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။တစ်ဖက်နိုင်ငံဝယ်ဈေးကိုကြည့်ပါက ပြောင်း တစ်တန် ကို ၂၃၀၀ ယွမ်ဈေးရှိပြီး ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက ယွမ် ၈၀ ခန့်ဈေးမြင့်လာ ကြောင်း၊ မန္တလေးဈေးကွက် တွင် ပြောင်းဖူးစေ့ ဃဏ ၅၄ ပိဿာဝင် ၁ အိတ်လျှင် ၂၅၅၀၀-၂၅၈၀၀ ကျပ်ဈေးရှိပြီး ပြောင်းဖူးစေ့သယ်ယူခမှာ မန္တလေး-မူဆယ် ကားခ ၁ ပိဿာကို ၈၀ ကျပ်ဈေးရှိသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရပါ တယ်။ ပြောင်းဖူးစေ့အသစ်များထွက်နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲမှာ အရောင်းအဝယ်တွေ ရပ်နားထားလို့ တင်ပို့မှုလျော့နည်းခဲ့တာ ပါ။ နှစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု          ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၃၀၉၉၁၁    ၃၁၁၃၇၈       ၁၄၆၇       ၁     ၃၆၂     ၃၇၂              ၁၀      ၂MIRT (DOBT)