Main menu

Background

ဈေးငြိမ်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ မန်းသကြား

Tue, 03/12/2013 - 05:04 -- ydnar

မန္တလေးမြို့သကြားသကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း (မန္တလေး သကြားဒိုင်) မှာ နေ့စဉ် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှ သကြား၊ သကာပွက် ရည် ပုံမှန်ဝင်ရောက်လျက် အရောင်း အဝယ်ပြုလုပ်ရာမှာ ကုန်ကြမ်း(သကာပွက် ရည်)ဈေးနဲ့ ကုန်ချော (သကြား)ဈေးတည်ငြိမ်လျက်ရှိ တာကိုတွေ့ရပါ တယ်။ ဖေဖော် ဝါရီလ နောက်ဆုံးအပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းများမှာသကာပွက် ရည်တစ်ပိဿာ ၅၅၀ ကျပ်ဖြစ်ပြီး၊သကြားတစ်ပိဿာ (ထိပ်စ) ၈၆၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့နေ့စဉ် (၃၀ ပိဿာဝင်အိတ်) ၃၅၀၀ အိတ်မှ ၄၅၀၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုမတ်လ ပထမပတ်မှာ သကာပွက်ရည် တစ်ပိဿာ ၅၁၀ ကျပ်၊ သကြား(ထိပ်စ) တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် ၃၀၀၀ မှ ၄၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးသကြားစက်ကြီးများမှ ထွက်ရှိတဲ့ သကြားများကို အဓိကထား ဝယ်ယူ အသုံးပြုတဲ့ နို့ဆီချက်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ အချိုရည်လုပ်ငန်းများကို ရောင်းချ လျက်ရှိပြီး၊ ပြည်ပမှ မှာယူပါက တင်ပို့ရောင်း ချကြောင်း၊ ပြည်ပဈေးကွက် တစ်ခုရရှိ ဖို့ ကြိုးစားနေကြောင်း၊ မိမိတို့မှာ ကြံစိုက်တောင်သူများနဲ့ စားသုံးသူများကြောင့် ဆက်သွယ်ပေးရတဲ့ ပေါင်းကူးဖြစ်တာကြောင့် ကုန်ကြမ်းဈေးနိမ့်ကျသွားမှာ မလို လားသလို မြင့်တက်သွားမှာလည်း မလိုလားကြောင်း၊ ကုန်ကြမ်း(ပွက်ရည်) အေး သွားပါကသကြားဈေးလည်းအေးသွား မှာဖြစ်ပြီး၊ကုန်ကြမ်းဈေးအေးပါ က တောင်သူ များအတွက် နစ်နာမှုမရှိပါကြောင်း၊ ကုန်ကြမ်းဈေးမြင့်တက်ပါက သကြားဈေးလည်း ရေမြင့်လျှင် ကြာမြင့်ဆိုသလို လိုက်ပါမြင့်တက်ပါက စားသုံးသူများအတွက် ထိခိုက် နိုင်ကြောင်း ယခုကဲ့သို့ ဈေးနှုန်းတည်ငြိမ်မှုနဲ့ အရောင်းအဝယ်အစဉ်မပြတ်ပြုလုပ် နိုင်ပါက စိုက်ပျိုးထုတ်လုပ်သူ သကြားထုတ်လုပ်သူနဲ့ စားသုံးသူများ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာဖြစ်မယ်လို့ ယူဆကြောင်း သကြားကုန်သည်စက်ပိုင် တစ်ဦးမှ ပြောကြားေ ကြာင်း သိရပါတယ်။     စိုးအောင် - မန္တလေး