Main menu

Background

နိုင်ငံတကာရော်ဘာဈေးကွက်တည်ငြိမ်ရေး အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့ အလေးထားဆောင်ရွက်

Tue, 03/12/2013 - 05:10 -- ydnar

အင်ဒိုနီးရှား၊ ထိုင်းနဲ့မလေးရှားအပြည်ပြည်ဆိုင်ရာ သုံး ပါတီနဲ့ဖွဲ့စည်းထား တဲ့ ရော်ဘာကောင်စီ ဟာ ရော်ဘာ ဈေး နှုန်းကိုတစ်ကီလိုဂရမ်လျှင် ၃ ဒေါ်လာနှုန်းနဲ့ဆက်လက် တင်ပို့ သွားရန်သတ်မှတ်ထားပြီး ဆက်လက် ကျဆင်းသွားနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာဈေးနှုန်း တည်ငြိမ်မှုရှိစေရေး အတွက် အလေးထား ဆောင်ရွက်သွား ရမယ်လို့ ရော်ဘာကောင်စီကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာရော်ဘာအသင်းရဲ့ အကြီးတန်း အရာရှိချုပ်ဖြစ်သူ Addis က ရော်ဘာ တစ်ကီလိုဂရမ်လျှင် ၃ ဒေါ်လာနဲ့ ၄ ဒေါ်လာ ကြားရှိဈေးဟာ ရော်ဘာတောင်သူ များနဲ့ ရော်ဘာထုတ်လုပ်သူများ အတွက်ဖြစ် သင့် ဖြစ်ထိုက် တဲ့ဈေးနှုန်းဖြစ်တယ်လို့ သုံးသပ်ပြောကြားပါတယ်။ တရုတ်နဲ့ အမေရိကတို့ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကြောင့် ၂၀၁၃ ခုနှစ်မှာ ရော်ဘာဈေးများမြင့်တက် လာနိုင် ကြောင်းနဲ့ ဥရောပကြွေးမြီး အခက်အခဲဟာလည်း ကမ္ဘာ့ ရော်ဘာ ဈေးအပေါ်သက်ရောက်စေနိုင်တယ်လို့ သုံးပါတီ ရော်ဘာကောင်စီက ဆိုပါတယ်။  Source:VNS  ,CMK