Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံသို့ပါ ကုန်သွယ်မှုပြုလာနိုင်တော့မယ့် စစ်တွေနယ်စပ် ကုန်သွယ်ရေး

Tue, 03/12/2013 - 05:13 -- ydnar

စစ်တွေဒေသမှ အဓိကထွက်ရှိတဲ့ ရေငန်ပုစွန်အပြင် ငါးမြစ်ချင်းများကို ရန်ကုန်မှတစ်ဆင့် တင်ပို့ခြင်း မပြုတော့ဘဲ စစ်တွေမှ တင်ပို့နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငါးမြစ်ချင်း နဲ့ပက်သတ်ပြီး သားဖောက် လုပ်ငန်းများလုပ်ဖို့ စီစဉ်ထားပါကြောင်း အကြံပြုချက်အနေ ဖြင့် တရားမဝင် လမ်းကြောင်းတွေကို အဖွဲ့အစည်းများဖြင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်သွယ်မှုပိုင်း တက်လာနိုင်တယ်လို့ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးမြင့်သိန်းမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။

မကြာခင် ကာလမှာ အိန္ဒိယနိုင်ငံမှ စီးပွားရေး နှင့်ရင်းနှီး မြှုပ်နှံမှုကိုယ်စားလှယ်အဖွဲ့ဟာ စစ်တွေမြို့သိ့ု လာရောက်ပြီး ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များနဲ့ စီးပွားရေးဆိုင် ရာ တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကောင်စစ်ဝန်ရုံးကိုလည်း မကြာမီ စစ်တွေမြို့မှာ လာရောက် ဖွင့်လှစ်တော့မယ်လို့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်မှ ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ မိမိတို့ဒေသတွင်းကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယနိုင်ငံသို့ ကုလားတန်မြစ် ကြောင်းမှတစ်ဆင့် တိုက်ရိုက်ကုန်သွယ်နိုင်တော့မှာဖြစ်ပြီး ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုနယ်ပယ် ကျယ် ပြန့်လာပြီး စီးပွားရေးဝယ်လက်ကောင်းများအား ယှဉ်ပြိုင်၍ ရောင်းချနိုင်တော့ မှာဖြစ်တယ်လို့ ဒုတိယ ညွှန် ကြားရေးမှူးမှ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ Source: နကသ (စစ်တွေ)၊ခင်မိုးသူ