Main menu

Background

ကမ္ဘာ့ရော်ဘာဈေးနှုန်းများ တစ်ကီလိုလျှင် ၃ ဒေါ်လာအောက်ပြန်လည် ရောက်ရှိလာသဖြင့် ရော်ဘာတင်ပို့မှု လျှော့ချသည့်အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော် သွားဖွယ်ရှိ

Tue, 03/12/2013 - 05:11 -- ydnar

ဖေဖော်ဝါရီလအတွင်းက စတင် အားနည်းလာခဲ့တဲ့ ရော်ဘာဈေးနှုန်းများက မတ်လဆန်းမှာ ဆက်လက် ကျဆင်း နေတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းနှေးကွေးခြင်းနဲ့ ကမ္ဘာ့ရော်ဘာ စံသတ်မှတ်ဈေးကွက်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ စားသုံးသူဈေးနှုန်း များ ကျဆင်းခြင်းတို့ကြောင့် ရော်ဘာကို ဝယ်လိုအားကျဆင်း သွားမယ်လို့ ခန့်မှန်းကြတယ်။ ဒါ့ကြောင့် ရော်ဘာဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်တယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တစ်တန်ကို ၂၉၉၀ ဒေါ်လာအထိရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော် ဘာ အဆင့် - ၅) က မတ်လ ၅ ရက်နေ့မှာ ၂၉၅၉ ဒသမ ၅၀ ဒေါ်လာအထိ ၃၀ ဒသမ ၅ ဒေါ်လာဈေးကျလာတယ်။ ၎င်းင်း ကာလအတွင်းမလေးရှားရော်ဘာ SMR – 20  (Standard Malaysia Rubber)  ကလည်း တစ်တန်ကို ၅၉ ဒသမ ၅ ဒေါ်လာဈေးကျလာသည်။ တိုကျိုကုန်စည်ရောင်းဝယ်ရေးမှာလည်း သြဂုတ်လ အရောက်ပို့ရမယ့် ရော်ဘာက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းကာ တစ်တန်ကို ၃၀၈၉ ဒေါ်လာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီလအတွင်း ရော်ဘာကြိုပွိုင့် ဈေးနှုန်းများ ၇ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ဇွန်လ နောက်ပိုင်း စွမ်းဆောင်မှု အညံ့ဆုံး ဖြစ်တယ်လို့ သိရတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများက တစ်ကီလိုကို ၃ ဒေါ်လာ အောက်ပြန်လည် ရောက်ရှိလာရာ ကမ္ဘာ့ရော်ဘာ စိုက်ပျိုး ထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံတို့က မတ်လမှာကုန်ဆုံး မယ့် ရော်ဘာတင်ပို့ မှု လျှော့ချတဲ့ အစီအစဉ်ကို ဆက်လက်အကောင် အထည် ဖော်သွားဖွယ်ရှိတယ် လို့ နိုင်ငံတကာ ရော်ဘာအသင်းရဲ့ အမှု ဆောင်အရာရှိချုပ်  Darmansyah Basyaruddin က ပြော ကြားတယ်။                  ပပ