Main menu

Background

မူဆယ်စခန်းမှ ရေထွက်ကုန် တန်ချိန် ၁၀၀၀ ကျော် တင်ပို့

Tue, 03/12/2013 - 05:16 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ဖေဖော်ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက် ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၇၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၆၀ တန်ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရေခဲငါး၊ ငါးလေးခြောက်နဲ့ ကင်းမွန်ခြောက်တို့ ပိုမို တင်ပို့ နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ တင်ပို့တဲ့အမယ်တွေက တော့ ကဏန်းတန် ၁၂၀ ခန့်၊ ငါးရှဉ့် ၁၁၅ တန်ခန့်၊ ရေခဲငါး ၁၅၉ တန်ခန့်၊ ငါးဆားနယ် ၉၃ တန်ခန့်၊ ငါးလေးခြောက်တန် ၂၇၀ ခန့်၊ ငါးခြောက် ၃၇ တန်နီးပါး၊ ကင်းမွန်ခြောက် ၂၀၄ တန်နီးပါး၊ ပုစွန်ခြောက် ၁၁ တန်ကျော်၊ ငါးမှုန့် တန် ၅၀ ကျော်နဲ့ ပြည်ကြီးငါး ၁ တန်ကျော်ဖြစ်ပါတယ်။ ချင်းရွှေဟော် စခန်းမှ ယခုအပတ်မှာ ရေထွက်ကုန် တင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်မှငါးရှဉ့်ဈေးမှာ  တစ်တန်လျှင် ၄၇၄၁၀၀၀ ကျပ်၊ ၃၄၂၆၅ ယွမ်၊ ၅၅၀၀ ဒေါ်လာနဲ့ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘဲ ကဏန်းဈေးမှာတစ်တန်လျှင် ၃၇၄၁၀၈၀ ကျပ်၊ ၂၆၉၉၅ ယွမ်၊ ၄၃၄၀ ဒေါ်လာဈေးပေါက်ပြီး  ယခင် အပတ်ထက် ကဏန်းအဝင်များတာကြောင့် ဈေးအနည်းငယ် ကျလျက်ရှိပါတယ်။  ကဏန်းတင်ပို့မှုမှာလည်း ၃၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

မူဆယ်မှဖေဖော်ဝါရီတွင်း ရေထွက်ကုန် ၇ ဒသမ ၂၇၇ ဒေါ်လာသန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလ တူထက် ၁ ဒသမ ၆၆၃ ဒေါ်လာသန်းလျော့နည်းခဲ့ပါတယ်။ လျော့နည်း ရခြင်းမှာ ပုစွန်ခြောက်နဲ့ရေငန် ငါးမျိုးစုံ တင်ပို့နိုင်သော်လည်း ငါးရှဉ့်နဲ့ပြည်ကြီးငါး၊ ခရုအသားအခြောက်၊ ငါးခြောက်၊ ငါး ကြင်းစည်ဖောင်းနဲ့ အခြားရေထွက်ကုန်ပစ္စည်းများတင်ပို့မှု လျော့နည်းခြင်းကြောင့်ဖြစ်ပါတယ်။ ကဏန်းတင်ပို့မှုမှာ လေလံစနစ်မှ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်သို့ပြောင်းလဲ ကျင့်သုံးတင်ပို့ခြင်းကြောင့် တင်ပို့မှုပိုမိုတိုးတက်လာတယ်လို့ မူဆယ်စခန်းမှ သတင်း ရရှိပါတယ်။ MIRT (DOBT)