မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်နေ့ အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုမရှိပါ။ ရာသီဥတု ပူပြင်းလာပြီဖြစ် ၍ ရေထွက်တင်ပို့မှုလျော့နည်း လာတဲ့အပြင် ဖေဖော်ဝါရီလအတွင်း တရုတ်နှစ်ကူးပွဲတော်ရက်များမှာ ရေထွက်ပစ္စည်းများတရုတ်မျက်နှာစာသို့ ပိုမို တင်ပို့နေခြင်းကြောင့် လျော့နည်းခဲ့ရတယ်လို့သိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှ မိမိ ရေထွက်ပစ္စည်းများကိုကြိုက်နှစ် သက်ခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိ ကြောင်း၊ မိမိဘက်မှတင်ပို့တဲ့ငါးများကိုလည်း တစ်ဖက်နိုင်ငံတွင် အမှုန့်ကြိတ်၍ ငါးမှုန့်ပြု လုပ်ခြင်းဖြင့်တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်း၊ ပြည်တွင်း၌လည်းစားသုံးပြီးအချို့ကို ငါးအသားလွှာလုံး ပြုလုပ်ခြင်းနဲ့ ပြုပြင်အအေးခံ၍ Re-export ပြန်လည်ပြုလုပ် ကြောင်း သိရှိရပါတယ်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ ၂ သန်းနီးပါး တန်ဖိုးရှိ ငါးမျိုးစုံ ၂၇၈၉ တန် ကျော်၊ ကင်းမွန် ၁၈ တန်ကျော်၊ ကျောက်ပုစွန် ၄ တန်နီးပါး၊ ကဏန်း ၇ တန်ကျော်၊ ငါးဆားနယ် ၄၆ တန်ကျော်၊ ဗီလားနဲ့ပုစွန်အနည်း ငယ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့နိုင်ခြင်းမရှိတဲ့ ပုစွန်အနည်းငယ်တင် ပို့ နိုင်တဲ့အပြင် ငါးမျိုးစုံ၊ ကင်းမွန်၊ ကျောက်ပုစွန် (ပဂဲ)၊ ငါးဆားနယ်တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁ သန်းနီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကန်ဒေါ်လာ ၂ ဒသမ ၂၄၈ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၅၉ တန်၊ ရေငန်ပုစွန် ၁၆ တန်ကျော်၊ ငါးမှုန့် ၉၂၃ တန်နီးပါး၊ ကဏန်းသေး (အသေ) ၇ တန်ကျော်၊ အေးခဲပုစွန် ၆၂ တန်ကျော်၊ အေးခဲကင်းမွန် ၁၂ တန်ကျော်၊ ကဏန်းပျော့ ၂၉ တန်နီးပါး၊ ပုစွန်ခြောက် ၁ တန်ကျော်၊ ငါးခြောက် ၇ တန်နီးပါး၊ ငါးဆားနယ် ၅၁ တန်နီးပါး၊ ပင်လယ်စာ ၁ တန်ကျော်၊ ကဏန်းနီ၊ ကင်းမွန်ပြုတ်ခြောက်၊ ငါးနီ အသားလွှာ၊ သဲသဏန်း၊ ပုစွန်ရည်အနည်းငယ်တို့ တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့နိုင်ခြင်းမရှိတဲ့ ငါးဆားနယ်၊ ပင်လယ်စာ၊ ငါးနီအသားလွှာ၊ သဲကဏန်း၊ ပုစွန်ရည်တို့တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်တွင် ငါးအသားလွှာ၊ ကင်းမွန်အသားလွှာ၊ ကင်းမွန်ကောင်လုံးသန့်၊ ကင်းမွန်ခေါင်းတို့ တင်ပို့ နိုင်ခြင်းမရှိတဲ့အပြင် ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ငါးမှုန့်၊ ကဏန်းနီ၊ ပုစွန်ခြောက်၊ ကင်းမွန်ပြုတ် ခြောက်တို့လျော့နည်းတင်ပို့ခဲ့တာကြောင့် ယခင်အပတ်ထက် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ထိုင်းနယ်စပ်တစ်ခုလုံးအနေနဲ့ကြည့်မယ်ဆိုလျှင် ရေထွက်ကုန် ၅၁၃၈ တန်နီးပါးတင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်နဲ့နှိုင်းယှဉ်ပါက ၁၄၆၇ တန်ကျော်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်တွင်မြဝတီနယ်စပ်ကရေထွက်တင်ပို့မှု မရှိသော်လည်း ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ထိုင်းနယ်စပ်မှပိုမိုဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ MIRT (DOBT)