မကွေးဈေးကွက်မှာ ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပြီး နှမ်းမျိုးစုံ ဈေးစွာလာ

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကောင်းရတဲ့အခါမှာ အရောင်းများခဲ့တဲ့ ရောင်းလက်တွေက အခုလိုဈေးကျလာတဲ့အခါ မှာတော့ တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတယ်လို့ ပွဲရုံရပ်ကွက် ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၉၅ ကျပ် (တစ်တန်ကို ၆၀၉၃၂၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက် နဲ့မြို့ခံဆီစက်တွေ အဝယ်ဆုံလို့ ယခင်အပတ်နဲ့ စာရင် ဈေးကအမြင့် မှာရှိနေတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှု က နှမ်းနီတစ်ပိဿာ ၂၅၄၅ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၇၆၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၁၁၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။