ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးကျလာ ကုလားပဲဖြူလုံးကြီး တက်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်
ပခုက္ကူဈေးကွက်မှာ ယခင်အပတ်တွေက ရောင်းလိုအားရော ဝယ်လိုအားပါသွက်ခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ် လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၉၉၅ ကျပ်(တစ်တန်ကို ၆၀၉၃၂၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲဝင် ရောက်လာတဲ့ ကုလားပဲဖြူလုံးကြီး(သစ်)တွေကို ရန်ကုန်ဝယ်လက် တချို့နဲ့ မြို့ခံခွဲစက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၉၀၅ ကျပ်(တစ်တန်ကို ၅၅၄၂၁၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
