တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးအဆွဲပါးလို့ ဈေးကျလာ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းအစာစပ်သမားများ က ဈေးလျော့အ ဝယ်ရှိ သလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အ ရောင်းနည်းသွားတယ် လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ် အနေနဲ့ တစ်ပိဿာ ၄၂၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၆၆၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
