Main menu

Background

မန္တလေးဈေးကွက်မှာ မတ်ပဲနဲ့ ပဲတီစိမ်းဈေးတန့်ပြီး ကုလားပဲဖြူလုံးကြီး ဈေးမြင့်ကာ ပဲစင်းငုံနီ ဈေးအနည်းငယ်ကျ

Tue, 03/12/2013 - 05:42 -- ydnar

မန္တလေးဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲ စက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးက တန့်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲပါးပြီး ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုသာ အရည်အ သွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၃၃ ကျပ် (တစ် တန်ကို ၈၁၆၃၁၅) ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေတဲ့ ကုလားပဲဖြူလုံးကြီးကို  မြို့ခံပဲခွဲစက် တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၉၀၈ ကျပ် (တစ်တန်ကို ၅၅၆၀၅၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ် ဆက်တိုက်ကောင်းခဲ့တဲ့ ပဲစင်းငုံနီကို အိန္ဒိယဝယ် လက်နဲ့ ရန်ကုန်ဝယ်လက်တို့က အဝယ်အီသွား တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်လျော့ကျသွားပေမယ့် အရောင်း အဝယ်တော့ နေ့စဉ်ရှိခဲ့ကြောင်း သိရပါတယ်။ ငုံနီကို ဈေးကောင်းရ နေတဲ့အချိန်မှာ ရောင်းလက်တွေက အရောင်းများခဲ့ပေမယ့် အခုလို ဈေးအနည်း ငယ်ကျလာတဲ့အပေါ် တက်ဈေးမျှော်ပြီး ရောင်းလိုအား လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ဝန်းကျင်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံထဲက နှမ်းဖြူနဲ့ နှမ်းနက်ထက်စာရင် စမုံနှမ်းကို တရုတ်အဆွဲ ပုံမှန်ရှိတာ ကြောင့် ဈေး ကတက်ရိပ်ပြနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၅၃၃ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်စမုံ ၃၁၇၈ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။