မြန်မာ-တရုတ်နယ်စပ်စခန်းရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်းတန်ဖိုးရှိတဲ့နှမ်းနက် ၈၃၉ တန်နီးပါးနဲ့ကန်ဒေါ်လာ သုည ဒသမ ၁၉၆ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၁၅ တန်တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၀ သန်းဖိုးရှိ နှမ်းနက် တန်ချိန် ၁၅၀၀ ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ် က မြဝတီစခန်းမှ နှမ်းနက် ၃၇ တန် ကျော်နဲ့ မူဆယ်စခန်းမှ နှမ်းနက် ၃၆၈ တန်ကျော်၊ နှမ်းဖြူ ၂၆၆ တန်ခန့် တင်ပို့ခဲ့တာ မို့ ယခုအပတ်မှာ နှမ်းနက်ရော နှမ်းဖြူပါ ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ် ဖက် နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၄၀၈၃၂၈ ၁၄၀၂၅၃၆ ၅၇၉၂ ၁ ၁၆၅၀ ၁၆၅၀ - -နှမ်းနက် ၁၅၄၅၉၇၄ ၁၅၃၉၆၁၆ ၆၃၅၈ ၁ ၁၈၁၀ ၁၈၁၀ - -မော်မော်အောင်၊MIRT (DOBT)