Main menu

Background

အရောင်းအဝယ်ပါးလို့ မလေးရှားစားအုန်းဆီ ဈေးကျ

Tue, 03/12/2013 - 05:57 -- ydnar

မတ်လ ၇ ရက်နေ့က မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးများကျဆင်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတို့က အဓိကစက်မှု လုပ်ငန်းကိန်းဂဏန်းများ မထုတ်ပြန်မီ အခြေ အနေကို အကဲခတ်နေခြင်း၊ ကမ္ဘာ့ဆီထွက်သီးနှံ ပေးသွင်းမှု အခြေအနေနှင့် ဝယ်လိုအား အလားအလာအခြေအနေ ကို ပြတ်ပြတ်သားသားရှိအောင် စောင့် ကြည့်နေခြင်း၊ ကုန်သည်တို့က သောကြာနေ့မှာ ထုတ်ပြန်မဲ့အမေရိကန် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) အစီရင်ခံစာကို အကဲခတ်စောင့်ကြည့်နေကြပါ တယ်။ ထိုအစီရင်ခံစာမှာ ပဲပုပ်ရောင်းလိုအားအလားအလာရှိမယ့်လက္ခဏာ များ တွေ့နေရကြောင်း ရိုက်တာသတင်းဌာနကကောက်ခံသော သဘောထားစစ်တမ်းမှာ တွေ့ရပါတယ်။ မတ်လ ၆ ရက်ကပြီးဆုံးခဲ့တဲ့စားသုံးဆီဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေးကြီးမှာ ဈေးနှုန်းလေ့လာဆန်းစစ်သူတို့က ဈေးနှုန်း အလားအလာကို အမျိုး မျိုး ခန့်မှန်းနေကြလို့ ဈေးကွက်အတွက် လမ်းကြောင်းရှင်းလင်းပြတ်သားမှု ကင်းမဲ့ နေတာ ကို တွေ့ရပါတယ်။

"စားအုန်းဆီဈေးကွက် ဘယ်သောင်ဘယ်ကမ်းဆိုက်မယ်ဆိုတာ ယခုအချိန်ထိ ပြတ်ပြတ်သားသား မရှိသေးပါဘူး။ အခုတော့ မနက်ဖြန်ထွက်မဲ့ ပဲပုပ်အခြေအနေနဲ့ USDA ကိန်းဂဏန်းအချက်အလက်တွေကို ကျွန်တော်တို့စောင့်ကြည့်ရ မှာပဲ" လို့ ကမ္ဘာ့ကုန်စည်ရောင်းဝယ်ရေးဌာနမှ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ နေ့လည်ပိုင်းဈေးကွဲချိန်မှာ ဘာဆာမလေးရှားစာချုပ်စာတမ်းရောင်းဝယ်ရေး ဒိုင်မှာ မေလအတွက် အခြေခံ ဈေးနှုန်းဟာ သုညဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ၂၃၈၈ ရင်းဂစ် (ကန်ဒေါ်လာ ၇၇၀)နှုန်း ဖြစ်ပါတယ်။ စားအုန်း ဆီဈေးမှာ တစ်တန်ကို ၂၃၈၄ ရင်းဂစ်မှ ၂၄၀၈ ရင်းဂစ်အကြား အတက်အကျ ရှိနေခဲ့ပါတယ်။ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၂၅ တန်ရှိသောအတွဲပေါင်း ၈၆၉၇ တွဲသာရှိပါတယ်။ ပုံမှန်အားဖြင့် အရောင်းအဝယ်ဖြစ်သော အတွဲမှာ ၁၂၅၀၀ ဖြစ်တယ်လို့  brecorder.com မှ သိရပါတယ်။          UNT