Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (11-3-13)

Tue, 03/12/2013 - 06:00 -- ydnar

နိုင်ငံစုံမှ ဘိလပ်မြေများဝင်ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန် ချိန် ၃၂၀၆၇ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ခုနှစ်သိန်းကျော်ဖိုးကို တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၃၁၇၉၇ တန်၊ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၂၅ တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၈ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၁၃၇ တန်၊ မလေးရှားနိုင်ငံမှ တန် ၉၀ တင်သွင်းခဲ့ပါ တယ်။ ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်ရှိခဲ့ပါ တယ်။ ဇန်နဝါရီလအတွင်း ဘိလပ်မြေအဝင်က တန်ချိန် ရှစ်သောင်းခြောက်ထောင် ကျော်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ဘိလပ်မြေအဝင် က တန်ချိန် တစ်သောင်း သုံးထောင်ကျော်အဝင်ပိုခဲ့ပါတယ်။                          MIRT (DOT)

 
လွယ်ဂျယ်နယ်စပ်မှ ဘိလပ်မြေ တန် ၅၀၀ ကျော် အဝင်ရှိမြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ လွယ်ဂျယ်နယ်စပ်မှ မတ်လ ပထမပတ်အတွင်း မှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၅၇၅ တန်ကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ဘိလပ်မြေများကို ဗန်းမော် ဒေသအတွင်း သုံးစွဲရန်အတွက်မှာယူတာဖြစ်ပြီး ကမ္ဘာလုံးတံဆိပ် ဘိလပ်မြေအမျိုးအစားဖြစ် ကာ ဒေသေ ပါက်ဈေး တစ်အိတ်လျှင် ၃၈၀၀ ကျပ် ဈေးဝန်းကျင်ရှိကြောင်း နယ်စပ် ကုန်သည်တစ်ဦးထံမှ သိရပါတယ်။ဖေဖော်ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက်ထိ ကာလအတွင်းမှာ နယ်စပ် စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၅၈၄ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၇၂၂၄ တန်ကျော်ကို တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်း မှုတွေက တော့ မူဆယ်မှ ၁၂၃၇ တန်ကျော်၊ လွယ်ဂျယ်မှ ၅၇၅ တန်၊ ကန်ပိုက်တီးမှ ၁၉၂၁ တန်၊ တာချီလိတ်မှ ၂၇၈၉ တန်၊ ကော့သောင်းမှ ၇၅ တန်၊ မြိတ်မှ ၂၇၅ တန်နဲ့ မောင်တောမှ ၃၅၂ တန် အသီးသီးဖြစ်ပါတယ်။         ဆွေဆွေဝင်း MIRT (DOBT)
ပွင့်လင်းရာသီကြောင့် ဈေးကွက်သွက်လာတဲ့ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် သုံး သောင်းနှစ်ထောင်ကျော်နဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေတန်ချိန်  ခုနစ်ထောင် ကျော် ဝင်လာခဲ့တယ်လို့သိရပါတယ်။  ဒီတစ်ပတ် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင် ကြီးမှာ အရောင်းသွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေ အဝင်နည်းနေတာကြောင့် ဈေးကွက်ထဲ ဈေး အနည်းငယ်တက်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ပစ္စည်းပြတ်နေတဲ့ စိန်ဘိ လပ်မြေက ဈေးကွက်ထဲ ပြန်ဝင်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာတော့ ခြသေ့ၤဘိလပ်မြေ၊ ကျားခေါင်း၊ မြို့တော် ၊ ယိုးဒယားဆင်နဲ့ မြန်မာဆင် ဘိလပ်မြေ များ အဝင်နည်းတယ် လို့ သိရပါတယ်။ စိန်ဘိလပ်မြေက ယခင်ဈေးထက် တစ် ထောင်ဝန်းကျင် ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း  အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးက ဆင်ဘိလပ်မြေ ၇၆၀၀ ကျပ်၊  နဂါး ဘိလပ်မြေ ၅၆၀၀ ကျပ်၊ စိန်(ထိုင်း) ဘိလပ်မြေ ၇၅၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြို့တော် ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ တောင်ကြီးမြို့မ ဈေး အနောက်ဘက်၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်ရောင်းအား ပုံမှန်တယ်လို့ သိရပါတယ်။ ပုံမှန်ရောင်း အားရှိပေမဲ့ ဈေးက အတက်အကျ မရှိဘူးလို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲမှာ ကြံ့(မြိုင်ကလေး) ဘိလပ်မြေဈေးက ယခင် တစ်ပတ်ဈေးထက် ငါးဆယ်ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဆောက် လုပ် ရေးလုပ်ငန်းများ၊ လမ်းတံတားတိုးချဲ့မှု စီမံကိန်းတွေကြောင့် အရောင်းအဝယ် ပုံမှန် ရှိတယ်။ ပွင့်လင်းရာသီမှာ ဘိလပ်မြေက ရောင်းအားကောင်းလိုက်၊ ပုံမှန်ဖြစ်လိုက်နဲ့ ရှိနေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၄၈၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၄၅၀ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့  သိရ ပါတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်ပေမဲ့ ဈေးကအတက်အကျမရှိဘဲ ယခင် ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့  ဘိလပ်မြေဈေးနှုန်းတွေက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန် (ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၈၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် တယ်လို့ ၆၂ လမ်း၊ ၂၉-၃၀ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရပါတယ်။MIRT (DOT)