ဓာတ်မြေသြဇာဈေးနှုန်းများ (11-3-13)
မြေသြဇာအဝင်လျော့ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း မြေသြဇာ ၇၀၇ ဒသမ ၄၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ဝင်လာခဲ့ တဲ့ မြေသြဇာများမှာ ထိုင်းနိုင်ငံမှ ဓါတ်ဆား တန်ချိန် ၂၀၀၊ ဘယ်ဂျီယံမှ မြေသြဇာတန်ချိန် ၂၅၀ ၊ ရုရှားနိုင်ငံမှ မြေသြဇာ ၂၅၇ တန် မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်း နိုင်ငံစုံမှ မြေသြဇာတန်ချိန် ငါးထောင်သုံးရာကျော်သာ အဝင်ရှိခဲ့ပြီး ဇန်နဝါရီလမှာ တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်အဝင်ရှိခဲ့တာ ကြောင့် ဖေဖော်ဝါရီလမှာ မြေသြဇာအဝင် တန်ချိန် ခုနှစ်ထောင်နီးပါး အဝင်လျော့ ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၀၀၀၀ ကျော်တင်သွင်းဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၁ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၁၉၉၈ တန်ကျော် တင်သွင်းရှိခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုအနေ နဲ့ မူဆယ်မှ ၁၁၇၃၈ တန်ကျော်၊ ကော့သောင်းမှ တန် ၁၁၀ နဲ့မြိတ်မှတန် ၁၅၀ အသီးသီးဖြစ်ပါတယ်။ တင်သွင်း ခဲ့သော ဓာတ်မြေသြဇာ အမျိုးအစားများကတော့ မူဆယ်မှယူရီးယားတီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅ နဲ့ကွန်ပေါင်း ၁၅ ပတ်လည်တို့အများဆုံးတင်သွင်းခဲ့ပြီး ဒေသပေါက်ဈေးအရ ယူရီး ယား တစ်အိတ်လျှင် ၁၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ တစ်အိတ်လျှင် ၁၂၂၀၀ ကျပ်နဲ့ ၁၅ ပတ်လည် တစ်အိတ်လျှင် ၃၅၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။ ဆွေဆွေဝင်းMIRT (DOBT)
ဈေးကွက်အေးပြီး ပုံမှန်လေးရှိနေတဲ့ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကိုရေလမ်းမှ မြေသြဇာအဝင်က ယခင်တစ် ပတ်ထက် တန်ချိန် တစ်ထောင့်လေး ရာကျော် လျော့ခဲ့သလို နယ်စပ်မှလည်းဒီတစ် ပတ်အဝင် တန်ချိန် သုံးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မြေသြဇာဈေးက ရန်ကုန်မှာ ဈေးငြိမ်နေပေမဲ့ ကျန်ဒေသတွေမှာတော့ မြေသြ ဇာဈေးကျလာတယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တွေမှာ ဈေး ငြိမ်နေသလို အရောင်း အဝယ် လည်း အေးနေပြီး မန္တလေး၊ တောင်ကြီး၊ မကွေးမှာ ဈေးအနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ် ဆက် လက်အေးနေဆဲပဲလို့ ဆိုပါတယ်။ ဒီအချိန်က စိုက်ပျိုးမှုလည်း နည်းနေတာကြောင့် မြေသြဇာက အသုံးနည်းတယ်လို့ သိရပါတယ်။ အသုံးနည်းတာကြောင့် မြေသြဇာ လည်း အဝယ်နည်းတယ်။ ဒါကြောင့် မြေသြဇာဈေးကလည်း နည်းနည်းကျတယ်၊ ကျတဲ့ မြေသြဇာက ယူရီးယားမြေသြဇာဖြစ်ပြီး တစ်အိတ်ကို တစ်ရာဝန်းကျင်ပဲ ကျတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၄၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၃၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်)၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ်ဈေးရှိတယ်လို့ ၈၅-၈၆ ကြား ပွဲရုံ တန်းမှာရှိတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ လည်း အရောင်းအဝယ် အေးတယ်လို့ သိရပါတယ်။ ဒီအချိန် က ဆောင်းသီးနှံလည်း စိုက်ချိန်မဟုတ်ဘူး၊ နွေစပါးစိုက်ပျိုး ချိန်၊ ဒါပေမဲ့ ဒီဘက်မှာက နွေစပါး စိုက်ပျိုးမှုနည်းတာကြောင့် မြေသြဇာလည်း အသုံးပြုမှုနည်းတယ်။ ဒါကြောင့် အရောင်း အဝယ်လည်းအေးတယ်။ မိုးစပါးစိုက်ချိန်မှပြန်ပြီး ရောင်းအား တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတစ်ပတ် မြေသြဇာ ဈေးက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၀၀၀၀ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အစိမ်း) (ထိုင်း) ၃၅၀၀၀ကျပ်၊ ကွန် ပေါင်း (၁၅း၁၅း၁၅) (ပန်းရောင်) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြား ကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ် ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကအရောင်း အဝယ် အေးနေတယ်လို့ သိရပါတယ်။ ဒီအချိန် မြေသြဇာ လည်း အသုံးနည်းတာကြောင့် အဝယ်နည်းတယ်။ ဒါကြောင့် ဈေးကလည်း အကျဘက်မှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ(တရုတ်) ၁၂း၁၃က ၁၃၃၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) က ၁၃၂၀၀ ကျပ်၊ အာမို (၁၀း၁၀း၅)က ၁၄၁၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး၊ ရွှေတောင်) (တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (တရုတ်) ၁၉၅၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်အေးတယ်လို့ မြေသြဇာရောင်းဝယ်ရေး လုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။ အရောင်းအဝယ်အေးတာ ကြောင့် ဈေးကလည်း ကျလာတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား(ပန်းဖူး)၂၀၂၀၀ကျပ်၊ ရွှေတောင် (တရုတ်) ၁၉၄၀၀ကျပ် နဲ့ ကမ္ဘာလုံး(တရုတ်) ၂၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
