ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း စင်ကာပူနိုင်ငံမှ OK နို့ဆီ ၂၈၄ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာလည်း အဝင်မရှိ ခဲ့ပါ။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၉၇ ဒသမ ၉၀၃ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၀၁ ဒသမ ၁၉ တန်နဲ့ မလေးရှား နိုင်ငံမှ ၂ ဒသမ ၃၅၆ တန် စုစုပေါင်း ၂၀၁ ဒသမ ၄၄၉ တန်ကို တင်သွင်းခဲ့ ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဖေ ဖော်ဝါရီလအတွင်း နို့ဆီနို့စိမ်းအဝင်က တန်ချိန် တစ်ထောင့်ခြောက်ရာကျော် ရှိခဲ့ပြီး ဇန်နဝါရီလအတွင်း နို့ဆီ၊ နို့စိမ်း အဝင်က တန်ချိန် တစ်ထောင့်နှစ် ရာ ကျော်ရှိတာကြောင့် ဖေဖော် ဝါရီလမှ နို့ဆီ/စိမ်း တန်ချိန်လေးရာကျော် အဝင် ပိုခဲ့ပါတယ်။ နို့မှုန့်မှာ ဖေဖော်ဝါရီလမှာ တန်ချိန် နှစ်ရာကျော် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။MIRT (DOT)