Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီ ဈေးနှုန်းများ( 11-3-13)

Tue, 03/12/2013 - 06:21 -- ydnar

ယခုလအတွင်း ပင်လယ်ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ် တန်ချိန် ခြောက်ထောင့်ခုနစ်ရာဝင်ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ခုနစ်ထောင့် ငါးရာလေးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် တစ်သောင်းခုနစ်ထောင် ခုနစ်ရာ့ငါးဆယ့် တစ်တန်၊ စုစုပေါင်းတန်ချိန် ၂၅၂၉၄ ကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ် လို့သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် မော်လမြိုင်၊ တောင် ကြီး၊ မန္တလေး၊ ရန်ကုန်တွင် ဈေးငြိမ်နေပြီး မန္တလေး၊ ရန်ကုန်လက်လီ ရောင်းချသော ဆိုင်များတွင် ဒီဇယ်/ဓာတ်ဆီ ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ် ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့်ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဒီဇယ်ဈေးငြိမ် နေပေမဲ့ ဓာတ်ဆီဈေးမှာ ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်ကျလာတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်  ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၆၀၀ ကျပ်ဝယ်ပြီး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက  ဝယ်ဈေး၊ ရောင်း ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။  လက်လီဆိုင်များရဲ့ အရောင်း အဝယ်ဖြစ်နေ တဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၃၇၀၀ ကျပ်၊  ရောင်းဈေး ၃၉၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်းဈေး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါ တယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ အောက်တိန်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ယခင်တစ်ပတ် ဈေးအတိုင်း ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၅၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။မကွေးဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာလည်း ဈေးတွေက ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိ ကဆိုင်ဈေးက ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT (DOBT)
နယ်စပ်မှစက်သုံးဆီ ဂါလန် ၂၈၀၀၀၀ ကျော်ဝင်ရောက်နယ်စပ်စခန်းများမှ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ ကာလအတွင်း မှာ ကန်ဒေါ်လာ ၁ ဒသမ ၀၁၅ သန်းတန်ဖိုးရှိ စက်သုံးဆီ ဂါလန် ၂၈၀၀၀၀ ကျော် ဝင်ရောက်လျက်ရှိတာ တွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ဓာတ်ဆီ ၅၅၄၄ ဂါလန်၊ တာချီလိတ်နယ်စပ်မှ ဓာတ်ဆီ ၄၉၇၃၂ ဂါလန်နဲ့ ဒီဇယ်ဆီ ၅၀၀၇၂ ဂါလန်၊ မြိတ်နယ်စပ်မှ ဒီဇယ်ဆီ ၁၇၅၈၇၅ ဂါလန် အသီးသီးတင်သွင်းနိုင်တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီတင်သွင်းမှု အနည်းငယ်လျော့ကျခဲ့ပေမဲ့ ဒီဇယ်ဆီ တင်သွင်းမှုမှာ ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။ နယ်စပ်ဒေသပေါက်ဈေးတွေက တော့ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိတာတွေ့ရပါတယ်။ခင်မိုးသူ MIRT (DOBT)