Main menu

Background

ငွေလဲနှုန်းများ ဆက်လက်မြင့်တက်၊ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း ၈၆၃ ကျပ်သို့ ရောက်ရှိ

Tue, 03/12/2013 - 06:24 -- ydnar

ယခုတစ်ပတ်အတွင်းတွင် ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်မဟုတ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ငွေလဲနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ နေ့စဉ်သတ်မှတ်ပေးလျက်ရှိသည့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းမှာလည်း တစ် ပတ်လျှင် တစ်ကြိမ် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မတ် ၁ ရက်က တစ်ဒေါ်လာလျှင် ၈၆၂ ကျပ်သာရှိခဲ့သော ရည်ညွှန်းငွေလဲ နှုန်းသည် မတ် ၅ ရက်တွင် ၈၆၃ ကျပ်သို့မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်မှုများအရ သိရသည်။ ယင်းကဲ့သို့ ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ငွေလဲစင်တာများရှိ ရောင်းဈေး ဝယ် ဈေးများလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။မတ် ၄ ရက်က ရည်ညွှန်းငွေလဲနှုန်းမြင့်တက်ခဲ့ပြီးနောက် ငွေလဲစင်တာများ ရှိငွေလဲနှုန်းများအနက် သမဝါယမ ဘဏ်တွင် ရောင်းဈေး ၈၇၀ ကျပ်၊ ဝယ်ဈေး ၈၆၂ ကျပ်ရှိခဲ့ပြီး အေဂျီဒီဘဏ်တွင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၂ ကျပ် ရှိခဲ့သည်။ ကမ္ဘောဇဘဏ်တွင်မူ ရောင်းဈေး ၈၆၈ ကျပ်၊ ဝယ်ဈေး ၈၆၁ ကျပ်၊ ဧရာဝတီဘဏ်တွင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၂ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြောင်း သိရသည်။သို့သော် မတ် ၅ ရက်တွင် ရည်ညွှန်းငွေလဲနှုန်းမှာ ၈၆၃ ကျပ်သို့ မြင့်တက်ခဲ့ ရာ မတ် ၈ ရက်တွင် အေဂျီဒီဘဏ်၌ ရောင်းဈေး ၈၇၁ ကျပ်၊ ဝယ်ဈေး ၈၆၅ ကျပ်အထိတိုးမြှင့်၍ ရောင်းဝယ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ကမ္ဘောဇဘဏ်တွင် လည်း ရောင်းဈေး ၈၇၁ ကျပ်၊ ဝယ်ဈေး ၈၆၃ ကျပ်၊ သမဝါယမဘဏ်တွင်မူ ရောင်းဈေး ၈၆၉ကျပ်၊ ဝယ်ဈေး ၈၆၃  ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။"ဗဟိုဘဏ်က သတ်မှတ်တဲ့ရည် ညွှန်းငွေလဲနှုန်းက ပြီးခဲ့တဲ့ ၁ ရက်က တက် တယ်။ အခု ၄ ရက်နေ့က တစ်ခါထပ်တက်တယ်။ တစ်ကျပ်တက်တယ်ဆိုပေမယ့် လည်း ဝယ်ဈေးရောင်းဈေးမှာ က တော်တော်ကိုကွာဟ သွားတယ်။ အပြင်ဈေးကွက် မှာဆို ဝယ်ဈေးကို တော်တော်လေးမြှင့်ပြီးဝယ်နေတာ။  အပြင်ဈေးကွက်မှာက ဝယ်ဈေးကို ၈၆၆ကျပ်အထိပေးပြီး ရောင်းဈေးကို ၈၆၈ကျပ်နဲ့ရောင်းတော့ တရားဝင် ငွေလဲစင်တာတွေနဲ့ယှဉ်လိုက်ရင် အပြင်က အဆင်ပြေတယ်လို့ ထင်ရပေမယ့် အပြင် မှာက စိတ်မချရဘူးလို့ယူဆကြပြီး အပြင်ဈေးကွက် မှာ ငွေလဲတဲ့သူက သိပ်မရှိ တော့ဘူး။ ဒါကြောင့်လည်း ဈေးကို ငွေလဲစင်တာတွေထက်ပိုသာအောင်  သတ်မှတ် ထားတာပါ"ဟု ပြင်ပငွေဈေးကွက်တွင် အရောင်းအဝယ် လုပ်နေသူတစ်ဦးက ဆိုသည်။                                မယ်သီတာ