Main menu

Background

တည်ငြိမ်နေသလိုဖြစ်နေတဲ့ မြန်မာ့ရွှေဈေးကွက်

Tue, 03/12/2013 - 06:24 -- ydnar

ယခုတစ်ပတ်အတွင်းမှာ မြန်မာ့ရွှေ ဈေးကွက်ဟာ တက်မလိုဖြစ်ပြီးမှ ပြန် လည်ကျဆင်းကာ တန်းတစ်ခုတွင် ရပ် တည်နေခြင်းကြောင့် တည်ငြိမ်နေသလို ဖြစ်နေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် မတ်  ၁ ရက်က ကျပ် ၇၃၇၈၀၀ ဖြင့် ဈေးပိတ် ခဲ့သော်လည်း ဈေးပြန်ဖွင့်ချိန်တွင် အကျ ဈေးဖြင့် ပြန်ဖွင့်ခဲ့သည်ကို တွေ့ရသည်။ မတ် ၄ ရက်ကရှိခဲ့သည့် မြန်မာ့ရွှေဈေး က  ကျပ် ၇၃၅၀၀၀မှအနည်း ငယ်တက် လာခဲ့သော်လည်း နောက်ရက်များတွင် ပြန်လည်ကျဆင်းကာ  ယခင်ရက်က ဈေးအတိုင်းသာ ရှိခဲ့သည်ကို တွေ့ရ သည်။မြန်မာ့ရွှေလောကအတွင်း  နေပြည် တော်အနီးတစ်ဝိုက်တွင် စီးပွားဖြစ်ထုတ် လုပ်နိုင်တဲ့ရွှေကြောကို တွေ့ရှိထားပြီ ဟူသည့် သတင်းစကားကြောင့် ရွှေဈေး ကျသည်ဟု ယူဆနိုင်သော်လည်း အမှန် မှာ နယ်စပ်မှ ရွှေစီးဝင်မှုများ များပြား နေခြင်းကြောင့်ပင်ဖြစ်ကြောင်း ရွှေကုန် သည်တစ်ဦးက မှတ်ချက်ပြုသည်။"ဟိုတလောက ဂျာနယ်တစ်စောင် မှာ ဖတ်လိုက်ရတယ်။ နေပြည်တော် အနီးတစ်ဝိုက်မှာ ရွှေကြောကြီးတွေ့လို့ အခုလိုရွှေဈေးတွေကျပြီးတန်းတစ်ခုမှာ ရပ်နေတယ်လို့ အများက ထင်နေကြ တာ။ ဒါက တကယ်မဟုတ်ပါဘူး။ နယ် စပ်က နှစ်သစ်ကူးကာလက မထွက်ခဲ့ ဘဲ ပြန်ပြီး စီးဝင်ခဲ့တဲ့ရွှေတွေက ပြန် ထွက်ဖို့ ကျတော့ နှေးနေကြ တယ်။ ရွှေ ဈေးကလည်း မကောင်းတော့ပြန်ထွက် ဖို့ကို တုံ့ဆိုင်းနေကြတဲ့အတွက် အခုလို ရွှေဈေးက တန်းတစ်ခုမှာရပ်နေရတာ ပါ"ဟု ရွှေဘုံသာလမ်းရှိ ရွှေကုန်သည် တစ်ဦးက ဆိုသည်။ကမ္ဘာ့ရွှေဈေးသည်   အမေရိကန် ဒေါ်လာနှင့် ပြောင်းပြန်အချိုးကျနေရာ အမေရိကန်နိုင်ငံ၏ QE3  အစီအစဉ် ကြောင့် အမေရိကန်ဒေါ်လာ ဈေးနှုန်း များမြင့်တက်လာခဲ့သဖြင့် ရွှေဈေးနှုန်း များ   ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင် နိုင်ငံ၏စီး ပွားရေးကို မြှင့်တင်ရန်အတွက် QE3  နှင့် QE4 အစီအစဉ်များကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့ပြီး နောက် ဒေါ်လာတန်ဖိုးများ  မြင့်တက်  လာခဲ့ပြီး စတော့ရှယ် ယာဈေးကွက်များ လည်း မြင့်တက်ခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ စတော့ရှယ်ယာဈေးများ မြင့်တက်ခဲ့သည့်အတွက် စီးပွားရေးလုပ် ငန်းရှင်များသည် ရွှေထက်ပိုမိုခိုင်မာပြီး အမြတ်အစွန်းရလွယ်သည့် စတော့ရှယ် ယာဘက်သို့ဦးတည်လာခဲ့သဖြင့် ကမ္ဘာ့ ရွှေဈေးများ ယခုကဲ့သို့ ကျဆင်းနေရ ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်လျက်ရှိကြသည်။  မယ်သီတာ