Main menu

Background

ဈေးအနည်းငယ်အေးပေမယ့် ပုံမှန်အရောင်းအဝယ်ရှိတဲ့ မန်းငုံနီ

Tue, 03/12/2013 - 06:42 -- ydnar

မန္တလေးတိုင်း ဒေသကြီးအတွင်း ပဲစင်းငုံစိုက်ပျိုးတဲ့ နွား ထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးဒေသများမှ ပဲစင်းငုံနီများကို မန္တလေးကုန် စည်ဒိုင်မှာနေ့စဉ် အရောင်းအဝယ် ပြုလုပ်သလို ရွှေဘို ဒေသထွက် ပဲစင်းငုံကိုလည်း အရောင်းအဝယ်ပြုလုပ်ပါတယ်။ ယခင်လနောက် ဆုံးအပတ်မှာ ယခု ပဲစင်းငုံရာသီရဲ့ အမြင့် ဆုံးဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခုအပတ်မှာ ဈေး အနည်းငယ်အေးသွားကြောင်း သိရပါတယ်။ ဈေးအေးပေ မယ့် အရောင်းအဝယ်ပုံမှန်ရှိတာကိုတွေ့ရပါတယ်။

ယခင်လရဲ့ နောက်ဆုံးအပတ်မှာ ပဲစင်းငုံနီတစ်ပိဿာ ၁၀၄၂ ကျပ်(တစ်တန် ၆၃၈၁၁၀ ကျပ်)နဲ့ နေ့စဉ် (၆၀ ပိဿာ ဝင်အိတ်) ၁၀၀၀ အိတ်မှ ၂၂၀၀ အိတ်အကြား(တန် ၉၀ မှ တန် ၂၀၀ ကြား) အရောင်းအဝယ်ရှိ ခဲ့ပါတယ်။ ယခုအပတ် မှာ ပဲစင်းငုံနီတစ်ပိဿာ ၁၀၀၈ ကျပ် (တစ်တန် ၆၁၇၂၈၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ တစ်ပိဿာ ၃၄ ကျပ် (တစ် တန် ၂၀၈၂၁ ကျပ်) ကျသွားပေမယ့် နေ့စဉ် (၆၀ ပိဿာဝင် အိတ်) ၁၀၀၀ မှ ၂၀၀၀ ကြားအရောင်းအဝယ် ရှိနေတာ ကြောင့် ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရပါမယ်။ ဝယ်လိုအားကောင်းတဲ့ ပြည်ပ(အိန္ဒိယ)ကို တင်ပို့ ရောင်း ချမယ့် ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်း လှောင်လက်များရှိနေ ပေမယ့်လည်း ဒေသတွင်း ထွက်ကုန်ပစ္စည်း (ပဲစင်းငုံ) အထွက် နှုန်း ကျဆင်းနေ တာကြောင့် ပစ္စည်းရှားပါးလို့ တက်ဈေးကို မျှော်လင့်စောင့်စားပြီး၊ ပစ္စည်းကိုင်ထားတဲ့ တောင်သူ အနည်း ငယ်နဲ့ လှောင်လက်များလည်း ရှိနေ ကြောင်း၊ ပြည်ပဈေး ကွက်ကို အထွက်အနည်းငယ်သာရှိနေတဲ့အတွက် ပြည် တွင်းလှောင်လက်များရဲ့ လက်ထဲမှာ ပစ္စည်းတော်တော် များ များရှိနေကြောင်း ယူဆရပြီး၊ ရံဖန်ရံခါ အိန္ဒိယဝယ်လက်များမှ တိုက်ရိုက်လာရောက်ဝယ်ယူမှု ရှိချိန်မှာ ပဲစင်းငုံနီဈေး အမြင့် ကို ခုန်တက်သွားကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့များမှာ ငုံနီတစ်ပိဿာ ၁၀၇၈ ကျပ်(တစ်တန် ၆၆၀၁၅၆ ကျပ်)ကို မြင့်တက်သွားကြောင်း၊ ကုန်ပစ္စည်းရရှိ ရေးအတွက် ဈေးပိုပေးပြီး ဝယ်ယူကြောင်း၊ အဲဒီလိုဈေးမျိုး မကြာခဏဖြစ်ပေါ်ပါကဈေးကွက်ပျက်နိုင်ပါကြောင်း သို့သော် ယခုအချိန်အထိ ပဲစင်းငုံနီ တစ်ပိဿာ ၁၀၀၀ ကျပ် ဈေး အထက်မှာပင် ဆက်လက် ရပ်တည်လျက်ရှိကြောင်း ပဲပွဲစား ကုန်သည်တစ်ဦးက ပြောပါတယ်။  စိုးအောင် - မန္တလေး