Main menu

Background

ဟင်္သာတ ကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်

Tue, 03/12/2013 - 06:50 -- ydnar

၂၀၁၃ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး၊ ဟင်္သာတ ဈေးကွက်ကို အင်္ဂပူ၊ မြန်ေ အာင်၊ လေးမျက်နှာမြို့ နယ်များရှိ ကျေးရွာတွေက မတ်ပဲများ အများ ဆုံး ဝင်ရောက်လာပါ တယ်။ ဒေသခံလှောင်လက်များ ဝယ်ယူမှု ရှိသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်ယူနေတာကြောင့် တစ်တင်းကို ၁၅၁၀၀ ကျပ်နဲ့ တစ်ရက် ကို အိတ် ၁၀၀၀ ကျော်ခန့် ရောင်းဝယ်မှုရှိခဲ့ပါတယ်။

ပဲတီစိမ်းမှာ တစ်တင်း ၂၂၁၀၀ ကျပ်နဲ့ ဈေးအေးနေပြီး၊ တစ်ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲပုပ်မှာ ယခုတစ်ပတ်မှာ အဝင်နည်း သွားပြီး၊ တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ တစ်နေ့ကို အိတ် ၆၅၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲကြီးအသစ်များလည်း ကုန်စည်ဒိုင်ဈေးကွက်ကို ဝင်ရောက်လာ ပြီး၊ ရန်ကုန် ဝယ်လက်ရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်တင်း ၂၃၃၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ထက် တစ်တင်း ၂၃၀၀ ကျပ် ပိုရကြောင်း သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ