Main menu

Background

အောင်ပန်းဈေးကွက်သို့ နနွင်းစတင်ဝင်

Tue, 03/12/2013 - 07:04 -- ydnar

ဒီတစ်ပတ်မှာ အောင်ပန်းဈေးကွက်ကို နနွင်း (စို) တွေ စပြီးဝင်လာနေပါပြီ။ ပင်လောင်း၊ တောင်ပို့လနဲ့ ဆင်တောင် နနွင်းသစ်တွေ လက်လီဝင်လာပါတယ်။ လောလောဆယ် တော့ ပြည်ပဝယ်လက်တွေမရှိသေးပါဘူး။ ပြည်တွင်းသုံး အတွက် လက်လီခန့်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ လည်း သိရပါတယ်။ လှောင်လက်တွေ ကတော့ အစိုတွေကို မဝယ်ချင်သေးပါဘူး။ အစိုဆိုရင် ပြန်ပြုတ်ရ၊ အခြောက် လှမ်းရနဲ့ အလုပ်လည်းရှုပ်တာကြောင့် မဝယ်ချင်ကြပါဘူး။ အခြောက်ကိုသာ ဝယ်ရောင်းပြုလုပ်လိုကြတယ်လို့လည်း သိ ရပါတယ်။

နောက်တစ်ပတ်မှာတော့ နနွင်း (စို) က ဈေးကွက်မှာ အများအပြား ဝင်လာနိုင်တယ်လို့ ဒေသခံတွေထံ က သိရပါ တယ်။ အခါနားနီးလာတာကြောင့် တောင်သူတွေ ငွေပေါ်ဖို့ ထုတ်ရောင်း၊ တူးရောင်းကြတော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ် နနွင်းဈေးက ပင်လောင်းနနွင်းက ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ တောင်ပို့လ ၆၀၀ ကျပ်၊ ၇၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး