Main menu

Background

ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့

Tue, 03/12/2013 - 07:04 -- ydnar

ဖေဖော်ဝါရီနောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရိ ၂၇ ရက်မှမတ်လ၂ ရက်အတွင်းမှာပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၇၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၇၅ တန်၊ မလေးရှား နိုင်ငံကို ၃၁၆ တန်၊ အိန္ဒိယနိုင်ငံကို ၁၆ တန်၊ စင်ကာပူနိုင်ငံကို ၁၆၉ တန်တင်ပို့ ခဲ့ပါတယ်။ တင်ပို့မှုများမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ မန်ကျည်းစေ့နဲ့ အစေ့ပါ မန်ကျည်းတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တစ်ဆကျော်လျော့နည်းခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း မန်ကျည်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၂၆၉၄ ဒသမ ၁၆၅ တန်ရှိခဲ့ပြီး ဇန်နဝါရီလအတွင်း တင်ပို့မှုက တန်ချိန် လေးရာကျော် ရှိတာကြောင့် ဖေဖော်ဝါရီလမှာ မန်ကျည်းတန်ချိန် နှစ်ထောင်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ဆယ်သိန်းကျော် ရရှိခဲ့ပါတယ်။MIRT (DOT)