Main menu

Background

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း ၂၄၂ တန်ကျော် ပိုမိုတင်ပို့

Tue, 03/12/2013 - 07:08 -- ydnar

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၈၇ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄ တန်ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခု အပတ်မှာ ၂၄၂ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျာစေ့၊ ချဉ်ပေါင် ဖာလာ (အခွံပါ)နဲ့ ကြက်ဆူစေ့တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး နေလဲစေ့၊ ဆီးဆံနဲ့တောချင်းတို့ ကိုတော့ လျော့နည်းတင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက် နဲ့တောင်လုံးကျော်တို့ကို လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၈ တန်ခန့်၊ ကန် ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုုလ်သီး ၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်း ၁ တန်ခန့်တို့ကိုတင်သွင်းခဲ့ပါတယ်။ ခင်ကလျာဦး၊MIRT (DOBT)