ငွေများများရရှိနိုင်တဲ့ စီးပွားဖြစ်သီးနှံ ဃျေ့ခမသဈ များ ပြောင်းလဲစိုက်ပျိုးကြရန် ကျွမ်းကျင်သူများ အကြံပေးလျက်ရှိ
ဗီယက်နမ်နိုင်ငံဟာ ဆန်တင်ပို့သော ဦးဆောင်နိုင်ငံ နေရာကိုရောက်ရှိလာသည်မှာ ရာစုနှစ်နှစ်ခုနီးပါး ရှိနေပြီဖြစ် ပါတယ်။ ဗီယက်နမ်စပါးစိုက် တောင်သူများ ဝင်ငွေများစွာ ရရှိလာပြီး ကောင်းမွန်သောဘဝများကိုလည်း ပိုင်ဆိုင်နေကြ ရပြီဖြစ်ပါတယ်။
သို့သော်ငြားလည်း ကျွမ်းကျင်သူများက အမြတ်အစွန်း ပိုမိုရရှိနိုင်မဲ့ စီးပွားဖြစ်သီးနှံ Cashcrops များ ဈေးကွက် လိုအပ်ချက် မြင့်မားနေတဲ့ တိရိစ္ဆာန်အစားအစာကောက်ပဲသီး နှံများကို ပြောင်းလဲစိုက်ပျိုးကြရန်တောင်သူများကို အကြံပြု လျက်ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံဟာ ဆန်တန်ချိန် ၇ ဒသမ ၇၂ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တင်ပို့မှုထက် ၈ ရာခိုင်နှုန်းကျော်ပိုမိုခဲ့ပါတယ်။ သို့သော်လည်း ဆန်တင်ပို့မှုမှရ ငွေကတော့ ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံသာရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းနီးပါး လျော့နည်းခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ ကိန်းကဏန်း များအရ ဆန်တင်ပို့မှုမှ ရရှိငွေများဟာ တင်ပို့တဲ့ပမာဏနဲ့ နှိုင်းယှဉ်လျှင် သိသာတဲ့ အကျိုးအမြတ်မရှိတာတွေ့ နေရပါတယ်။ နိုင်ငံရဲ့စပါးအိုးကြီး ဖြစ်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသရှိ တောင်သူ ၄ သန်းဟာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအစီအစဉ်ရဲ့ လေ့လာချက်အရ တစ်လတစ်ဦးဝင်ငွေ ၁၉ ဒေါ်လာသာ ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။ ကျွမ်းကျင်သူများကတော့ ဗီယက်နမ်တောင်သူများ အနေနဲ့ အခြားကောက်ပဲသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း အားဖြင့် ဝင်ငွေပိုမိုရရှိစေနိုင်မယ်လို့ ပြောဆိုလျက်ရှိကြပါ တယ်။ ဗီယက်နမ်နိုင်ငံမှာ တောင်သူများအား ဆန်ထက်ဝင် ငွေပိုမိုရရှိစေနိုင်တဲ့ အရင်းအမြစ်များစွာရှိနေကြောင်း၊ ဟက် တာ ၄ သန်းခန့်မှာ ဗီယက်နမ်ေ တာင်သူများဟာ စပါးစိုက် ပျိုးလျက်ရှိပြီး နှစ်စဉ်ဝင်ငွေ ၃ ဘီလီယံကျော်ရရှိနေကြောင်း ထိုအချိန်က ပြင်သစ်မှာ ဟတ်တာ ၁ သန်းမှာ ဂျုံစိုက်ပျိုးပြီး နှစ်စဉ်ဝင်ငွေ ၁၁ ဘီလီယံကျော်ရရှိနေတယ်လို့ ဇီဝဗေဒနဲ့ စိုက်ပျိုးရေး ပရော်ဖက်ဆာ Nguyen Lan Hung က ထောက်ပြပြောဆိုခဲ့ပါတယ်။ စားနပ်ရိက္ခာဖူလုံရေးဟာ အရေးကြီးပါကြောင်း၊ သို့ သော် တောင်သူများအနေနဲ့ အခြားစီးပွားဖြစ် ကောက်ပဲသီး နှံများစိုက်ပျိုးခြင်းဖြင့် ချမ်းသာကြွယ်ဝမှုကို ရရှိစေရေးဟာ လည်း အရေးကြီး ပါကြောင်း Hung ကပြောကြားခဲ့ပါသေး တယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ နှစ်စဉ် တိရစ္ဆာန်အစားအစာ အဖြစ် အသုံးပြုရန် ဂျုံ၊ ပြောင်းနဲ့ ပဲပုပ်စေ့များကို ပြည်ပ နိုင်ငံများမှနှစ်စဉ် ကန်ဒေါ်လာ ၂ ဘီလီယံ ဝန်းကျင်ဖိုး တင် သွင်းနေရတဲ့အတွက် ဗီယက်နမ်တောင်သူများအား စပါး အပြင် ဝင်ကောင်းတဲ့ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြု ရမဲ့ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးစေရန် အကြံပြုနေ ကြခြင်းဖြစ်ပါတယ်။ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ၂၀၂၀ ပြည့်နှစ်မှာဗီယက်နမ်နိုင်ငံရဲ့ တိရစ္ဆာန် အစား အစာလိုအပ်ချက်မှာ တန်ချိန် ၂၇ ဒသမ ၄ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၁ ဒသမ ၃ ဆကျော်ထိ တင်သွင်းရမယ်လို့ ခန့်မှန်း ထားပါတယ်။ဗီယက်နမ် တိရစ္ဆာန်မွေးမြူရေးအသင်းဥက္ကဋ္ဌ Nguyen Dang Yang ကတော့ ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံအဖြစ် ဂုဏ်ယူမနေသင့်ကြောင်း၊ နှစ်စဉ်ဆန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရှိသော်လည်း တိရစ္ဆာန် အစားအစာတင်သွင်းမှုက ကန်ဒေါ်လာ ၄ ဘီလီယံရှိနေတဲ့ အတွက်စပါးအစား စီးပွားဖြစ်အခြားသီးနှံ (Cashcrops) များ ပြောင်းလဲစိုက်ပျိုးကြဖို့နဲ့ စပါးစိုက်ပျိုးခြင်းဟာ အခြား သီးနှံစိုက်ပျိုးခြင်းထက် ရေလည်း ပိုမိုလိုအပ်တယ်လို့ ထောက် ပြပြောဆိုခဲ့ပါတယ်။ CMK
