Main menu

Background

အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီဈေး သိသာစွာမြင့်တက်လာပြီး မတ်ပဲဈေးလည်းမြင့်လာ ပဲစိုက်ဧရိယာ ယခင်နှစ်ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမိုစိုက်ပျိုးနိုင်

Tue, 03/12/2013 - 07:17 -- ydnar

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များက ဈေးမေး စုံစမ်းဝယ်ယူမှုများလာခြင်းကြောင့် ပဲစင်းငုံနီ ဈေး သိသာစွာမြင့်တက်လာပြီး မတ်ပဲဈေးလည်း မြင့်တက်လာခဲ့ပါတယ်။ ချန်နိုင်း ဈေးကွက်မှာလည်း အဝယ်လိုက်လို့ မတ်ပဲ၊ ပဲစင်းငုံနီ ဈေးခိုင်နေပါတယ်။ ဒေလီဈေး ကွက်မှာတော့ သီးနှံအသစ် ပေါ်နေတဲ့အပြင် အဝယ်ထိုင်းလို့ ကုလားပဲဈေးကျနေပါ တယ်။

JNPT ဆိပ်ကမ်းမှာ မာလာဝီပဲစင်းငုံ ကွန်တိန်နာ ၄ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံ ၅ လုံး၊ ပဲစင်းငုံခွဲခြမ်း ၅ လုံး၊ မိုဇမ်ဘစ်ပဲစင်းငုံ ၇ လုံး၊ မြန်မာပဲတီစိမ်း ၅ လုံး၊ ကင်ညာ ပဲတီစိမ်း ၅၂ လုံး၊ မြန်မာ မြေထောက်ပဲအနီ ၃ လုံး၊ အီသီယိုပီး ယား မြေထောက်ပဲအနီ ၅ လုံး၊ ကနေဒါပဲလုံးစိမ်း ၇ လုံး၊ Masoor ၈၉ လုံး ဝင်ရောက်လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းကိုလည်း မတ်ပဲ ကွန်တိန်နာ ၃၆၈ လုံး၊ ပဲစင်းငုံ ၄၄ လုံး၊ ပဲတီစိမ်း ၃၆ လုံး၊ Masoor  ၂၀ လုံး၊ ပဲတီစိမ်း ၇ လုံး၊ ပဲလွန်းဖြူ ၈ လုံး ဝင်ရောက်ခဲ့ပါတယ်။ အန်ဒရာပရာဒက်ရှ်၊ မဒ္ဒရာပရာဒက်ရှ်၊ ကာနာတာကာနဲ့ မဟာသျှတ္တရ ပြည်နယ်တွေက ကုလားပဲအသစ်တွေ စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။လက်ရှိ ဆောင်းရာသီမှာ ကုလားပဲအထွက်ကောင်းဖို့ မျှော်မှန်းရတဲ့အတွက် အလယ် အလတ်ကာလမှာ ဈေးကျဆင်းနိုင်ပါတယ်။ ပဲစင်းငုံကတော့ အထွက်နည်းပြီး ဝယ် အားကောင်း တာကြောင့် ဈေးခိုင်မာနိုင်တယ်လို့ သိရပါတယ်။စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်အထိ ဆောင်းပဲဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းစိုက်ပျိုးခဲ့ပြီး ယခင်နှစ် ကာလတူ ဟက်တာ ၁၄၇ ဒသမ ၄၆ ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမို စိုက် ျိုးနိုင်ခဲ့ကြောင်း၊ ကုလားပဲစိုက်ဧရိယာမှာလည်း ဟက် တာ ၉၄ ဒသမ ၉၉ ဟက်တာသိန်းအထိရှိနေပြီး ယခင်နှစ် စိုက်ဧရိယာ ဟက်တာ ၈၉ဒသမ ၉၅ သိန်း ထက်ပိုမို စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။                                       MAPT