ကမ္ဘာ့ဆန်ဈေးကျသဖြင့် ၂၀၁၃ ခုနှစ် ပထမ ၂ လအတွင်း ဗီယက်နမ်ဆန်တင်ပို့မှု ဝင်ငွေကျဆင်း

ဗီယက်နမ်အစိုးရရဲ့ ဆန်သိုလှောင်ဖို့ ညွှန်ကြားချက်အရ ဆန်တင်ပို့တဲ့ ကုမ္ပဏီတွေက ဆောင်း - နွေဦးစပါးမှ ထုတ် လုပ်တဲ့ ဆန်ကိုတန်ချိန် ၁ သိန်းအထိ ဝယ်ယူသွားရမှာဖြစ် တယ်။ ဆန်ဝယ်ယူမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင် ခဲ့ပြီး မတ်လကုန်အထိ ဝယ်ယူသွားမယ်လို့ သိရတယ်။

ဒါကြောင့် ပြည်တွင်းစပါးဈေးနှုန်းများ မြင့်မားလာခဲ့ တယ်။ တစ်ကီလိုကို ဗီယက်နမ်ဒေါင် ၁၅၀ မှ ၂၀၀ အကြား မြင့်တက်လာတယ်လို့သိရတယ်။ ရိတ်သိမ်းပြီး အရည်အသွေး နိမ့် စပါးတစ်တန်ရဲ့  ရောင်းချတဲ့နှုန်းမှာ တစ်ကီလိုကို ၄၃၀၀ - ၄၄၀၀ ဒေါင် (တစ်တန်ကိုကန်ဒေါ်လာ၂၀၆ - ၂၁၀  ဝန်း ကျင်) ဖြစ်ပြီး အရည်အသွေးမြင့်စပါးမှာ တစ်ကီလိုကို ၄၅၀၀ - ၅၂၀၀ ဒေါင် (တစ်တန်လျှင် ကန်ဒေါ်လာ ၂၁၅ - ၂၉၄ ဝန်းကျင်) ဖြစ်လာတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းပြည်ပတင်ပို့တဲ့  FOB နှုန်းများမှာ လျော့နည်းလျက်ရှိပြီး ၅ မှတ်ဆန်ဖြူ မှာတစ်တန် ကို ၃၈၀ - ၃၉၀ ဝန်းကျင်သာရရှိခဲ့ကြောင်း၊ လက်ရှိနှုန်းမှာ လည်း တစ်တန်ကို ၄၀၅ ဒေါ်လာသာရှိကြောင်း သိရတယ်။ ပြည်တွင်းစပါးဈေးမြင့်သော်လည်း ပြည်ပတင်ပို့တဲ့ FOB နှုန်းလျော့န ည်းနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များ ပြည် တွင်းစပါးကို ဈေးအမြင့်နဲ့ ဝယ်ဖို့ အခက်အခဲ ရှိကြောင်း သိရတယ်။ ၂၀၁၃ ခုနှစ် ပထမနှစ်လအတွင်း ဗီယက်နမ် ဆန်တန် ချိန် စုစုပေါင်း ၇၄၄ယ၀၀၀ ကျော်တင်ပို့ခဲ့ရပြီး ဝင်ငွေကန် ဒေါ်လာ ၃၃၁ သန်းနီးပါး ရရှိခဲ့တယ်လို့ ဗီယက်နမ်စားနပ် ရိက္ခာ အသင်း (VFA) က ပြောကြားတယ်။မတ်လကုန်ပိုင်း မှာ တန်ချိန် ၆၀၀ယ၀၀၀ အထိ ရောက်ရှိတင်ပို့နိုင်ပြီး တစ်နှစ် တာအတွက် တန်ချိန် စုစုပေါင်း ၇ ဒသမ ၅ - ၇ ဒသမ ၆ သန်းဝန်းကျင် တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဖေဖော်ဝါရီလအတွင်း ဆန်တင်ပို့မှုက တန်ချိန် ၆၇၇ယ၀၀၀ တန် တင်ပို့ခဲ့ရပြီး ဝင်ငွေကန်ဒေါ်လာ ၃၁၀ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူကာလ တင်ပို့မှုပမာဏထက် ၆၈ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဒါပေမဲ့ ဝင်ငွေအနေနဲ့ ၁၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်။ ပထမနှစ်လအတွင်း ပျမ်းမျှဆန်တင်ပို့မှုနှုန်းမှာ FOB  တစ်တန်ကို ၄၅၇ ဒေါ်လာ ဖြစ်ရာ တစ်နှစ်ထက် တစ်နှစ် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ တယ်လို့ သိရတယ်။                               ပပ