Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မတ်ပဲဈေး မြင့်တက်လာပြီး ပဲစင်းငုံအမြင့်ဈေးဖြင့်တန့် ပဲစိုက်ဧရိယာ ယခင်နှစ်ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမိုစိုက်ပျိုးနိုင်

Mon, 04/08/2013 - 10:14 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာ မတ်ပဲ အဝယ် လိုက်ဈေးတက်နေပြီး ပဲစင်းငုံနီ ကို ဈေးမြင့်ချိန်မှာ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်ပြန်အေးသွားတဲ့အတွက် ဈေးငြိမ်နေပါတယ်။ ဒဟုတ်၊ ဒေလီ၊ ဘီကနာ၊ ဝီဂျေဝါဒါနဲ့ ချန်နိုင်း ဈေးကွက် မှာလည်းဝယ်အားကောင်းလို့ ကုလားပဲ နဲ့ ပဲစင်းငုံဈေးတက်နေပါတယ်။

JNPT  ဆိပ်ကမ်းမှာ တန်ဇန်းနီး ယား ပဲစင်းငုံ ၂၀ လုံး၊ ပဲစင်းငုံခွဲခြမ်း ၅ လုံး၊ ပဲတီစိမ်း ၁၀ လုံး၊ မြန်မာပဲစင်းငုံ ၁၀ လုံး၊မတ်ပဲ ၅ လုံး၊ ပဲတီစိမ်း ၃ လုံး၊ သြစတြေးလျကုလားပဲ ၁၉ လုံး၊ တရုတ် မြေထောက်ပဲ ၄၈ လုံး၊ မြေထောက်ပဲနီ ၃ လုံး၊ ကနေဒါပဲနီလေး ၃၅ လုံး၊ အမေရိကန် ပဲနီလေး ၇ လုံး ဝင်ရောက် လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းကိုလည်း မတ်ပဲ ကွန်တိန်နာ ၃၉၈ လုံး၊ ပဲတီစိမ်း၂၄လုံး၊ ပဲနီလေး ၂၇ လုံး၊ ပဲဝါလေး ၁၀ လုံး၊ ပဲစင်း ငုံ ၂၂ လုံး၊ ပဲလုံးစိမ်း ၁၄ လုံး ဝင်ရောက်ခဲ့ပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ကြေ ညာချက်အရ ၂၀၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၅ ရက်နေ့အထိ ဆောင်း ပဲ ဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းစိုက် ပျိုးခဲ့ပြီး ယခင်နှစ်ကာလတူ ဟက် တာ ၁၄၇ ဒသမ ၄၆ ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ ကုလားပဲစိုက်ဧရိယာမှာလည်း ဟက်တာ ၉၄ ဒသမ ၉၉ ဟက်တာ သိန်းအထိ ရှိနေပြီး ယခင်နှစ် စိုက်ဧရိ ယာဟက်တာ ၈၉ ဒသမ ၉၅ သိန်း ထက် ပိုမို စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါ တယ်။နှင်းဧကရီ- MAPT