Main menu

Background

ပြောင်းဈေးအေးပြီး မတ်ပဲဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဟင်္သာတကုန်စည်ဒိုင်

Mon, 04/08/2013 - 10:14 -- ydnar

ဟင်္သာတကုန်စည်ဒိုင်ဈေးကွက် မတ်လဒုတိယပတ် ပြောင်းဈေးမှာပိဿာ ၂၀တစ်တင်းကို ၇၄၅၀ကျပ် နဲ့ ဈေးအေးနေပြီး၊ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲကြီးအသစ်များလည်း ဈေးကွက်ကို ဆက်လက်ဝင် ရောက်လာပြီး၊တစ်တင်းကို ၂၂၃၀၀ ကျပ်နဲ့ ယခင်အပတ် ထက်ဈေးအေးသွား သော်လည်း အရောင်းအဝယ်ဖြစ်မှုအရေ အတွက်ကတော့ယခင်အပတ်ထက် ပိုများ လာပါတယ်။

ဟင်္သာတ ကုန်စည်ဒိုင် ဈေးကွက်ကို ဟင်္သာတခရိုင် အတွင်း မြို့နယ်များရှိ ကျေးရွာများမှ ဆက်လက် ဝင်ရောက် လျက်ရှိရာ မတ်ပဲတစ်တင်းကို ယခုတစ်ပတ် မှာ ၁၆၈၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ထက် တစ်တင်းကို ၁၇၀၀ ကျပ်ပိုများ လာပြီး၊ နေ့စဉ်အိတ် ၁၅၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါတယ်။ ကုန်စည်စီးထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို အိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ