မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံ အဟောင်းFOB ရှိလို့ ဒိုင်အတွင်း တစ်ရက်အိတ် ၁၀၀၀ ခန့်နေ့စဉ် အဝယ်သွက်ခဲ့ပြီး၊ ငုံနီအသစ်ဈေးကွက်မှာ တော့ ပဲဟောင်းပဲသစ်လဲဖို့ ဒေသခံလှောင်လက်တွေ အဝယ်ရှိ ခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀၀ ဝန်းကျင်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ငုံနီတစ်တင်း ပဲ ဟောင်း ၁၉၀၀၀ ကျပ်၊ပဲသစ် ၂၀၁၀၀ ကျပ်မှ ၂၁၀၀၀ ကျပ် ထိပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ စီးဆင်းမှုအနေနဲ့ မြင်းမူ ဆိပ်ကမ်း ကတစ်ဆင့်ရန်ကုန်ကို ငုံနီအိတ် ၃ သောင်းကျော် တင်ပို့ခဲ့ တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲ မျိုးစုံဈေးကွက်အနေနဲ့ ယခုအပတ်ထဲမှာ နယ်စုံက ကုလားပဲ များ ဒိုင်အဝယ်သွက်လာခဲ့သလို Export အဝယ်မရှိပေမယ့် ဒေသလှောင်လက်ဝယ်လို အားကောင်း လို့ ဈေးအသင့်အတင့် မာနေတယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၇၀၀ ကျပ်၊ 929 တစ်တင်း ၁၇၁၀၀ ကျပ် မှ ၁၇၅၀၀ ကျပ်နဲ့ ထိုင်ဝမ်တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ခဲ့ကာ မုံရွာကုန်စည်ဒိုင် ဈေး ကွက်မှာ တစ်ရက်အိတ် ၂၀၀၀ အထက်နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။
ပဲတီစိမ်းဈေးကွက်အနေနဲ့ တရုတ်လက်ဝယ်လိုအားရှိပေ မယ့် နယ်ပစ္စည်းဝင်မှ ဒိုင်ဈေးပေါက် သလို လောလောဆယ် ဝင်လာတတ်တဲ့ပဲအရည်အသွေးအရ တစ်တင်း ၂၀၀၀၀ ကျပ် ကနေ ၂၀၅၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ ရပါတယ်။ မြေထောက်ပဲဈေးကွက်ကတော့ ရန်ကုန်ဝယ်လက် ဝယ်လိုအားကောင်း နေပြီး၊ မုံရွာဒိုင်ကို ပစ္စည်းဝင်သလောက် ရောင်းအားကောင်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ လောလောဆယ် တစ်ရက်အိတ် ၇၀၀ မှ ၁၀၀၀ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ တစ်တင်း ၂၆၅၀၀ ကျပ် - ၂၆၈၀၀ ကျပ်ဈေးများနဲ့ အဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာစွန်တာနီဈေးတစ်တင်း၁၃၅၀၀ ကျပ်မှာ ငြိမ်နေပြီး၊ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့သလို မတ်လ ပဲဈေး ကွက်မှာတော့ ချင်းတွင်းမြစ်အနောက်ဖက် ဒေသများနဲ့ ရေဦး၊ တန့်ဆည်ဘက်အဝင်ရှိသလို တစ်ရက်အိတ် ၅၀၀ - ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်အဓိကဆွဲ တယ်လို့ ဆိုပါတယ်။ ပေါက်ဈေး ကတော့ ပစ္စည်းအရည် အသွေးအရ တစ်တင်း ၁၄၈၀၀ ကျပ်သာ အမြင့်ဆုံးရခဲ့ပြီး၊ ရန်ကုန်လက်ကဈေးတက်ရင် မဝယ်ဘူးလို့ မတ်ပဲကုန်သည် တချို့က ပြောပါတယ်။ ပဲကြီးဈေးကွက်မှာတော့ ဒိုင်မှာ ပစ္စည်းအဟောင်းမရှိ တော့ဘဲ ဝင်လာတဲ့ ပဲကြီးအသစ်ကို တရုတ်လက်ဆွဲလို့ တစ် တင်း ၂၆၀၀၀ ကျပ်ထိ ဈေးပြန်မြင့်လာကာ တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည် ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ