ရှမ်းနနွင်းလည်း အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း နနွင်းအသစ်တွေ ဝင်နေပါ တယ်။ ပြီးခဲ့တဲ့အပတ်က တောင်ပို့လနဲ့ ဆင်တောင် နနွင်းတွေ သာ အနည်းအကျဉ်း ဝင်ရောက်မှုရှိပေမယ့် အခုတစ်ပတ်မှာ တော့ ပင်လောင်းနဲ့ အင်းလေးစတွေလည်း ထပ်ပြီးဝင်လာ တယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်း တွေ လည်း အောင်ပန်းဈေး ကွက်ကို ရောက်လာပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ ဒူဘိုင်း ကို ပင်လယ်ရေကြောင်းကနေ တန် ၁၀၀ တင်ပို့နိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။
အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက်ဈေး တွေကတော့ ဟိုပုံးနနွင်းက ၇၀၀ ကျပ်၊ အင်းလေး နနွင်း ၆၀၀ ကျပ်၊ တောင်ပို့လ ၇၀၀ ကျပ်၊ ဆင်တောင် နနွင်း ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်နဲ့ ပင်လောင်းနနွင်းက ၄၅၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် - တောင်ကြီး