Main menu

Background

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း ၉၃ တန်ကျော် ပိုမိုတင်ပို့

Mon, 04/08/2013 - 10:33 -- ydnar

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၇၈၀ ကျော်တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က ၆၈၇ တန် ကျော်သာတင် ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၉၃ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ ဆီးဆံ၊ ကြက်ဆူစေ့နဲ့တောချင်းတို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ မိကျောင်းကွမ်းဖတ်စေ့ ၊ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင် လျာစေ့နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ)တို့ကိုတော့ လျော့နည်း တင်ပို့ ခဲ့တာကိုတွေ့ရပါတယ်။ ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံမပါ)ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်နှမ်း (ခေါ်) မိကျောင်းကွမ်းဖတ်စေ့ဟာ လမ်းဘေးမှာအလေ့ကျပေါက်တဲ့ အပင်များဖြစ်ပြီး၊ အနာစိမ်းပေါက်ပါကရေစိမ်ပြီး အုံပေးရကြောင်း၊ အရိုးအက်လျှင်လည်းရေစိမ်ပြီးပတ်တီးစည်း ပေးခြင်းဖြင့် ပျောက်ကင်းနိုင်သောဆေးဘက်ဝင် ပရဆေးတစ် မျိုးဖြစ်ခြင်းကြောင့် ဈေးကွက်ခိုင်မာကာ ယခုအခါဈေးပိုရလျက် ရှိကြောင်း သိရပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ စမုံနက် သုည ဒသမ ၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ရှိန်းခို ၁ တန်ခန့်ကိုလည်းတင်သွင်းနိုင်ခဲ့ပါတယ်။ခင်ကလျာဦး၊  MIRT (DOBT)