Main menu

Background

အရှေ့တောင်အာရှ ဒေသဘက်မှ ရွှေဝယ်သူများက ရွှေဈေးအတက်အကျ မခန့်မှန်းနိုင်၍ ဝယ်လိုအားနှေးနေ

Mon, 04/08/2013 - 10:44 -- ydnar

အမေရိကန် အလုပ်အကိုင်ခန့်ထားမှု ပမာဏမှာ မျှော်လင့် ထားတဲ့နှုန်းထက် တိုးတက်ခဲ့ခြင်းကြောင့် စတော့ရှယ်ယာ များကိုသာ စိတ်ဝင်စားမှုများလာပြီး ရွှေကိုဝယ်ယူရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စား မှုနည်းလာရာ ကမ္ဘာ့ရွှေဈေးများ ကျဆင်းလျက်ရှိတယ်။

ဒါပေမဲ့ အမေရိကန်စီးပွားရေး နာလန်ထူလာမှု အားကောင်း ခြင်းကို ပိုမိုတွန်းအားပေးဖို့ အမေရိကန်ဗဟိုဘဏ် က ငွေကြေး မူဝါဒဖြေလျော့မှု စီမံကိန်းအနေနဲ့ ငွေချေးစာချုပ်ဝယ်ယူခြင်း အစီ အစဉ်ကို ၂၀၁၃ ခုနှစ်မှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ယူဆ လာကြတယ်။ဒါကြောင့် ငွေကြေးဖောင်းပွမှုကို ကာကွယ်တဲ့အနေနဲ့ ရွှေကို ဝယ်လိုအားမြင့်မားလာနိုင်တယ်လို့ ယူဆကြကာ မတ်လ ၁၁ ရက် နေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ဦးမော့လာတယ်။  လက်ငင်း အရောင်း ရွှေဈေးနှုန်းက တစ်အောင်စကို ၁၅၈၂ ဒသမ ၁၁ ဒေါ် လာအထိ မြင့်မားလာတယ်။ ရွှေဈေးနှုန်းက တစ်အောင်စကို ၁၅၆၄ ဒသမ ၄၄ ဒေါ်လာမှ ၁၅၈၆ ဒသမ ၉၀ ဒေါ်လာ အကြား နှုန်းထားမှာရှိနေနိုင်သော်လည်း ၁၅၆၄ ဒသမ ၄၄ ဒေါ်လာအောက်ကိုလည်း  ကျဆင်းနိုင်တယ် လို့ လေ့လာသူများက သုံးသပ်ကြတယ်။  အရှေ့တောင်အာရှဒေသဘက်မှ ရွှေဝယ်သူများကလည်း ရွှေ ဈေးအတက်အကျမည်သို့ ဖြစ်နိုင်တယ်ဆိုတာ မသေချာသေးတာ ကြောင့် ဝယ်လိုအားနှေးနေတယ်လို့ သိရပါတယ်။ မတ်လအစော ပိုင်းကာလကစပြီး ရွှေဈေးက တစ်အောင်စကို ၁၅၆၀ ဒေါ်လာမှ ၁၅၈၀ ဒေါ်လာအကြား နှုန်းထားမှာသာ အရောင်းအဝယ်ဖြစ်နေ တယ်။                                   ပပ