မတ် ၃ ရက်မှ မတ် ၉ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ခြောက်ထောင့် ခြောက်ရာကိုးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် နှစ်သောင်းလေးထောင် ကိုးရာ့ရှစ် ဆယ့်သုံး၊ စုစုပေါင်းသုံးသောင်းတစ်ထော င့်ခြောက်ရာခုနစ်ဆယ့် ခုနစ်တန်ကို တင် သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် မတ် ၃ ရက်မှ မတ် ၉ ရက်အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည်၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်တွင် ဈေးငြိမ်နေပြီး မော်လမြိုင်တွင် အောက်တိန်း ငါးဆယ်ကျပ် ဈေးကျလာပြီး၊ လက်လီ ရောင်းချသော ဈေးကွက်တွင် ရန်ကုန်ဒီဇယ်၊ ဓါတ်ဆီ ဝယ်ဈေး၊ ရောင်းဈေး ငြိမ် နေသော်လည်း မန္တလေးတွင် ဓာတ်ဆီ ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်တက်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်များတွင် ဈေးငြိမ်နေ သလိုပြင်ပ လက်လီဆိုင်များတွင်လည်း ဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ် ဓါတ်ဆီ ဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၆၀၀ ကျပ်ဝယ်ပြီး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓါတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်ဈေးက ဝယ်ဈေး၊ ရောင်းဈေး ယခင် တစ်ပတ် ဈေးအတိုင်းငြိမ်နေပေမဲ့ ဓါတ်ဆီဈေးက ဝယ်ဈေးရောင်းဈေး တစ်ရာကျပ် ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၆၀၀ ကျပ်၊ ရောင်းဈေး ၃၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ ပေမဲ့ အောက်တိန်းက ငါးဆယ်ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၅၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ ရောင်းချပါတယ်။ စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေ ပြောင်းပေမဲ့ လက်လီဆိုင်ရဲ့ ဈေးများက ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး များမှာယခင်တစ်ပတ်ဈေးအတိုင်း ဓါတ်ဆီ တစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာလည်း ဈေးတွေက ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT