Main menu

Background

အတက်ပြခဲ့တဲ့ မြန်မာ့ရွှေဈေး ပြန်လည်ကျဆင်း

Mon, 04/08/2013 - 10:50 -- ydnar

ယခုတစ်ပတ်တွင်  မြန်မာ့ရွှေဈေးအနည်းငယ်  မြင့်တက်ခဲ့သော်လည်း ပြန်လည်ကျဆင်းလာခဲ့သဖြင့် ရွှေဝယ် ရောင်း သမားများ အခက်တွေ့ခဲ့ရသည်။ ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက ကျပ် ၇၃၅၀၀၀ သာ  ရှိခဲ့သော်လည်း ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ရွှေ ဈေးသည် တက်ရိပ်ပြလာခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည်လည်း မြင့်တက် ခဲ့ရာ ပြီးခဲ့သည့်မတ် ၈ ရက်က ၁၅၇၉ ဒေါ်လာသာရှိခဲ့ရာမှ  ယခုတစ်ပတ် မတ် ၁၄ ရက်တွင် ၁၅၈၆ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ "မြန်မာ့ရွှေဈေးက ဒီတစ်ပတ်ထဲမှာ နည်းနည်း ပြန်တက်လာတယ်။  ပြန် တက်လာတယ်ဆိုပေမယ့် တကယ်ကို လုပ်ငန်းစလို့ရတဲ့ဈေးကို ရောက် မလာ တော့ ရွှေဝယ်ရောင်း လုပ်တဲ့သူတွေ အထိနာတာပေါ့။ ဒီတစ်ပတ်ထဲမှာဆို ရင် ကျပ် ၇၃၅၀၀၀ မှာ  တန်းနေတာ နှစ်ရက်လောက်ရှိတယ်။ ပြီးမှ နည်း နည်း ပြန်တက်လာတာ။ ပိုဆိုးသွားတာ က  ဒီတစ်ပတ်မှာ  ဒေါ်လာဈေးက မထင်မှတ်ဘဲ တက်သွားတော့ ရွှေဈေး က တက်မလာတော့ဘူး။ တက်တယ် ဆိုရင်တောင်  ဒေါ်လာဈေးတက်လို့ တက်တာပဲရှိတယ်။ ရွှေအဝယ်လိုက်လို့ တက်မှ ရွှေလုပ်ငန်း ကောင်းတယ်လို့ ဆိုရမယ်။ အခုဆို ရွှေသမားတွေ ရွှွေကို ထုတ်ရောင်းရမလား။ ဒေါ်လာကိုပဲ ဝယ်ထားရမလား၊ အကုန်လုံး ဒွိဟတွေ ဖြစ်ကုန်ပြီ။ ဒေါ်လာကလည်း တက် သွားတာ တစ်ရက်နှစ်ရက် အတွင်းမှာပဲ အပြင်ဈေးဆိုရင် ၉၀၀ နီးပါးလောက်ကို ရောက်သွားတာ။ ဒေါ်လာကိုကိုင်ထား တဲ့သူတွေအတွက်ကတော့  ဟန်တာ ပေါ့ဗျာ။ ရွှွေသမားတွေ အထိနာတယ် လို့ဆိုရမယ်။ တက်ဈေးနဲ့ ဝယ်ထားတုန်း က တက်မလားလို့ စောင့်နေတာ။အခု တော့ ဘာလုပ်ရမှန်းကို မသိတော့ ဘူး"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆို သည်။မြန်မာ့ရွှေဈေးသည် မတ် ၁၄ ရက် နေ့လယ်ပိုင်းက ကျပ် ၇၅၀၀၀၀ ရှိခဲ့ သော်လည်း ထိုနေ့ညနေပိုင်းတွင် ပြန် လည်ကျဆင်းကာ ကျပ် ၇၄၉၇၀၀ သို့ ရောက်ရှိခဲ့သည်။ မတ် ၁၅ ရက်တွင် မြန်မာ့ရွှေဈေးသည် ဆက်လက် ကျ ဆင်းလာခဲ့ရာ  ကျပ် ၇၄၈၀၀၀ သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် လည်း ၁၅၉၂ဒေါ်လာသို့ပြန်လည်မြင့် တက်လာခဲ့သည်။        မယ်သီတာ