အဝင်လျော့နေဆဲ မြေသြဇာ ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ် ၃ ရက်မှ ၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ တစ်ရာ့ငါးဆယ်တန်ဖိုးရှိ မြေသြဇာတစ်တန် ကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက မလေးရှားနို င်ငံဖြစ်ပါတယ်။ ဒီအချိန် က မြေသြဇာအသုံးနည်းတာကြောင့် မြေသြဇာတင်သွင်းမှု လည်း လျော့နည်း ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
ရောင်းအားတက်လာပေမဲ့ ဈေးမတက်တဲ့ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က ယခင်တစ် ပတ်ထက် တန်ချိန် ခုနစ်ရာကျော် လျော့ခဲ့သလို နယ်စပ်မှလည်း ဒီတစ်ပတ်အဝင် တန်ချိန်ငါးရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မြေသြဇာက အရောင်းအဝယ်အေးသလို ဈေးနှုန်းလည်း အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေး ဈေး ကွက်တွေမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ငြိမ်နေပေမဲ့ မန္တလေးဘက်မှာ အရောင်း အဝယ်လည်း အနည်းငယ်တက်လာသလို ဈေးလည်း အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာ ရောင်းအားတက်လာတယ် လို့ဆိုပါတယ်။ မုံရွာဘက်နဲ့ မန္တလေးပတ်ဝန်းကျင်ရဲ့ နွေသီးနှံစိုက် ဒေသတွေက အဝယ်ရှိတာကြောင့် ရောင်းအားတက်လာပါ တယ်။ ရောင်းအားတက်လို့ မြေသြဇာ ဈေးတက်သလို တရုတ်ငွေဈေး အနည်းငယ် တက်လာတာကြောင့် လည်း ဈေးက လည်း နည်းနည်းတက်လာတယ်။ တက်တာကလည်း တစ်အိတ်ကို နှစ်ရာ၊ သုံးရာ ဝန်းကျင်ပဲတက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၇၀၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ်ဈေးရှိတယ်လို့ ၈၅-၈၆ ကြား ပွဲရုံတန်းမှာ ရှိတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ နွေစပါးစိုက်ပျိုးမှုနည်းတာကြောင့် မြေသြဇာလည်း အသုံးနည်းတယ်။ ဒါကြောင့် အရောင်းအဝယ်လည်း အေးတယ်။ မြေသြဇာ ရောင်းအားက မိုးစပါးစိုက်ချိန်မှ ပြန်ပြီးတက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတစ် ပတ် မြေသြဇာဈေးက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီလိုဈေးငြိမ် နေတာ က ဖေဖော်ဝါရီ ပထမပတ်ထဲကစပြီး ဒီတစ်ပတ်အထိ တစ်လကျော်ရှိနေပြီ။ တချို့နေ့တွေဆို ဈေးဦးတောင် မပေါက်တဲ့နေ့တွေရှိတယ်လို့ ဆိုပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေး မှာ ပုလဲအသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အစိမ်း) (ထိုင်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅) (ပန်းရောင်)၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၅၀၀ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ် ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ မြေသြဇာ အသုံးနည်းနေတာကြောင့် အဝယ်နည်းတယ်။ ရောင်းအား မရှိတော့ ဈေးကလည်းငြိမ်နေတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ (တရုတ်) ၁၂း၁၃ ၁၃၃၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၃၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး၊ ရွှေတောင်)(တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (တရုတ်) ၁၉၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် အေး ပြီး ဈေးငြိမ်နေတယ် လို့ မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အသုံးများတဲ့ ယူရီးယား-ပုလဲမြေသြဇာ ဆိုရင် နှစ်ရာဝန်းကျင်ဈေးကျလာတာ တွေ့ ရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား (ပန်းဖူး) ၂၀၀၀၀ ကျပ်၊ ရွှေတောင် (တရုတ်) ၁၉၅၀၀ ကျပ်နဲ့ ကမ္ဘာလုံး(တရုတ်) ၂၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
