Main menu

Background

ဈေးမြင့်လာတဲ့ မန်းမြို့ ဓာတ်မြေသြဇာဈေးကွက်

Mon, 04/08/2013 - 11:04 -- ydnar

မန္တလေးတိုင်းဒေသကြီး ဈေးကွက် မှာ ဈေးအေးနေသည်မှာ အတန်ကြာပြီ ဖြစ်တဲ့  ဓာတ်မြေသြဇာဈေးကွက်မှာ ယခုအပတ်မှာ အရောင်းအဝယ် ပြန် ကောင်းလာပါတယ်။  တရုတ်မှ ဝင် ရောက်တဲ့ ဓာတ်မြေသြဇာ လက်ကား ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ မန္တလေးမြို့ ဈေးကွက်မှ  ရွှေဘို၊ မုံရွာ၊ မကွေး၊ တောင်ကြီး အစရှိတဲ့ တိုင်းဒေ သကြီး မြို့များရဲ့ အမှာစာများကို ဆက်လက် တင်ပို့လေ့ရှိပါတယ်။  ဆောင်းသီးနှံ စိုက်ပျိုးတဲ့ရာ သီ  နောက်ပိုင်း ကစပြီး အရောင်းအဝယ်အေးလာခဲ့ရာက ယခု ရက်ပိုင်းမှာတော့ နွေသီးနှံများ အတွက် မြင်း ခြံ၊ တောင်သာ၊ မတ္တရာ စတဲ့ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ အပြင်  စစ်ကိုင်းတိုင်းဒေသ ကြီး ရှိ မြင်းမူ၊ ရွှေဘို၊ မုံရွာ စတဲ့ နွေသီးနှံစိုက်ပျိုးတဲ့ ဒေသများကပါ အဝယ်ရှိလာပါတယ်။

ဒါ့အပြင် တရုတ်ငွေကြေးဈေးမြင့် လာမှု၊ ကားသယ်ယူခနှုန်း မြင့်တက် လာမှုများကြောင့် တရုတ်ပြည်ထုတ် ယူရီးယားဓာတ်မြေသြဇာမှာ ယခင်တစ် ပတ်ကထက် တစ်အိတ် ၅၀၀ ကျပ်နှုန်း ဝန်းကျင် ဈေးပိုလာခဲ့ပြီး ကျန်အမျိုး အစားများကတော့ ဈေးနှုန်းသိသိသာ သာ မြင့်တက်မှုမရှိဘဲ လက်ရှိဈေးကွက် မှာအရောင်းအဝယ်သွက်နေတဲ့ တရုတ် ယူရီးယားမြေသြဇာက တစ်အိတ် ကျပ် ၁၈၆၀၀ နဲ့ တီစူပါ ၄၆ ရာခိုင်နှုန်း ကတော့ ၁၈၀၀၀ ကျပ်ဈေးရှိကြောင်း ဓာတ်မြေသြဇာပွဲရုံဈေးကွက်မှာ သိရပါ တယ်။ လွင်အေး-မန္တလေး