ပဲခူးတိုင်းဒေသကြီး အနောက်မှာ ယခုအချိန်ဟာ နွေနှမ်းများစိုက်ပျိုးနေချိန်ဖြစ် လို့ နှမ်းလက်ကျန်ရှားပြီး၊ အရောင်းအဝယ်မှာ အေးနေသလို ဈေးနှုန်းလည်းပုံမှန်ဖြစ် နေပါတယ်။ ယခင်နှစ် နွေနှမ်းစိုက်ပျိုးချိန် မှာ နှမ်းဈေးနှုန်းမှာ နှမ်းနက်တစ်တင်းကို အမြင့်ဆုံး ၃၀၀၀၀ ကျပ်မှ အနိမ့်ဆုံး ၂၅၀၀၀ ကျပ်အထိရှိပြီး၊ နှမ်းနီ တစ်တင်းကို အမြင့်ဆုံး ၂၃၀၀၀ ကျပ်မှ အနိမ့်ဆုံး ၂၂၀၀၀ ကျပ်ထိရှိခဲ့ပါတယ်။ ယခုနှစ်မှာ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်းကို ၃၄၂၀၀ ကျပ်ထိ မနှစ်က ထက်စာရင် ဈေးပိုလာပါတယ်။ ပြည်ဈေးကွက်မှာ ပစ္စည်းလက်ကျန်ရှားလို့ ဝယ်ချင် တိုင်း ဝယ်မရဘဲ ဆီစက်များကလည်း မိမိတို့လှောင်ထားတဲ့ နှမ်းများကိုထုတ်ပြီး၊ ဆီကြိတ်ရတာကြောင့် နှမ်းဆီဈေးမှာ အမြင့်မှာရပ်တည်နေတာတွေ့ရပါတယ်။ နှမ်းနက်ကို ရန်ကုန်ဝယ်လက်များက အဝယ်ရှိပေမယ့် ပစ္စည်းမရှိသဖြင့် အရောင်း အဝယ်မှာတစ်နေ့ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ် ပါတယ်။ နှမ်းလက်ကျန် ရှားခြင်း၊ အဝယ်လိုက်ခြင်းကြောင့် နှမ်းဈေးမှာ ဆောင်းနှမ်းပေါ်စမှ ခုချိန် နွေနှမ်း စိုက်ချိန်ထိ နှမ်းဈေးမှာ တစ်တင်းကို ၃၀၀၀၀ ကျပ်အောက်ကို မဆင်းဘဲ ၃၀၀၀၀ ကျပ်အထက်မှ ရပ်တည်နေပါ တယ်။ နှမ်းဆီဈေးမှာလည်း ၂၀၁၃ နှစ်မှစပြီး၊ ယခုအချိန်ထိ တစ်ပိဿာကို ၄၀၀၀ ကျပ်နဲ့ ၄၂၀၀ ကျပ်ထိရှိနေတာတွေ့ရပါ တယ်။ ဝေေ၀မင်း - ပြည်
Background