Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 04/08/2013 - 13:26 -- ydnar

ထိုင်းနိုင်ငံအစိုးရကို ငွေကြေးကုန် သည်တွေကအယုံအကြည်ရှိလာတာက ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ရဲ့အစ်ကို ဝန်ကြီးချုပ်အဖြစ်က ဖြုတ်ချ ခံခဲ့ရတဲ့ ၂၀၀၆ ခုလောက်ကထက် ပိုမိုလာတာ ကိုတွေ့ရပါတယ်။ ငွေကြေးအဆင့် သတ်မှတ်ရေးအေဂျင်စီ Fitch Rating  ကလည်းထိုင်းနိုင်ငံရဲ့ အဆင့်သတ်မှတ် ချက်ကို ယခုလမှာမြှင့်တင်ခဲ့ပါတယ်။ အဓိကအားဖြင့် စီးပွားရေးခိုင်မာတောင့် တင်းလာတာနဲ့ နိုင်ငံရေး ပတ်ဝန်းကျင် ပိုမိုတည်ငြိမ်လာတာကိုအကြောင်းပြု ပြီးတိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ ကြောင့် အာရှငွေကြေးတွေထဲမှာ ဘတ် ငွေကစွမ်းဆောင်ရည်ကောင်းတဲ့ငွေ ကြေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ယခုနှစ် အတွင်း ဘတ်တန်ဖိုးကလည်း ဒေါ်လာ နဲ့ဖလှယ်ရာမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ထိမြင့်တက်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ဘဏ္ဍာရေးနောက်ပိုင်းမှာ အခိုင်မာဆုံး အနေအထားဖြစ်ပါတယ်။

ဘလွမ်းဘတ်သတင်းဌာနက စု စည်းထားတဲ့ကိန်းဂဏန်းတွေအရ ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံခြားရန်ပုံ ငွေတွေ က ထိုင်းနိုင်ငံတော်အစိုးရကြွေး မြီထဲထည့်သွင်းပေးတဲ့ငွေက ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံရှိပါတယ်။ ဘတ်ငွေတန်ဖိုးမြင့်တက်လာ ချိန် က အာရှငွေကြေးအများစုက တင်း ကျပ်တဲ့အခြေအနေမှာရှိနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ တန်ဖိုးကျဆင်း နေတဲ့အတွက်တခြားအာရှနိုင်ငံတွေရဲ့ ပို့ကုန်ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကို ထိခိုက် မှုရှိစေခဲ့ပါတယ်။ အများဆုံးအထိခိုက် ခံရတာက တောင်ကိုရီးယားဝမ်ငွေ ကြေးဖြစ်ပါတယ်။ ယခုနှစ်ထဲမှာတောင် ကိုရီးယားဝမ်တန်ဖိုးက ၄ ဒသမ သုည ရာခိုင်နှုန်းနဲ့ ဂျပန်ယန်းတန်ဖိုးက ၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းနေကြောင်း သွန်မဆင်ရိုက်တာက စာရင်းဇယား တွေအရသိရပါတယ်။
တရုတ်ယွမ် တရုတ် စီးပွားရေး တိုးတက် ကောင်းမွန်နေပြီဆိုတဲ့ အမြင်ကြောင့် တရုတ်ဗဟိုဘဏ်ကဗဟိုဘဏ်ရဲ့ ရည် ညွှန်းငွေလဲလှယ်နှုန်းကို နှစ်လအတွင်း အမြင့်ဆုံးအဖြစ် မြှင့်တင်ခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်က ပုံသေသတ်မှတ် နှုန်းကို သုည ဒသမ ၃ ရာခိုင်နှုန်းမြှင့် တင်ပြီး မတ် ၂၂ ရက်နေ့က တစ်ဒေါ် လာကို ၆ ဒသမ ၂၇၁၁ ယွမ်နှုန်းသတ် မှတ်ပေးခဲ့ပါတယ်။ ရှန်ဟဲမှာ မတ် ၂၂ ရက်က ယွမ် ငွေတန်ဖိုးက သုည ဒသမ ၀၃ ရာခိုင် နှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၆ ဒသမ ၂၁၂၂ ယွမ်နှုန်းရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားငွေရောင်းဝယ်ရေးဌာန ရဲ့ စာရင်းတွေအရသိရပါတယ်။ ၁၉၉၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ပါတယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ ရောင်းချမှု မြင့်တက်လာတဲ့အတွက် ဘဏ် အချင်းချင်း နိုင်ငံခြားငွေရောင်း ဝယ်ရာမှာ ရူပီးတန်ဖိုးကမတ် ၂၂ ရက် နေ့မှ သုည ဒသမ ၀၂ ရူပီးနှုန်းနဲ့ မဆို စလောက်သာမြင့်တက်ခဲ့ပြီး တစ်ဒေါ် လာကို၅၄ဒသမ၂၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ အိန္ဒိယပြင်ပဈေးကွက်မှာ ဒေါ် လာနဲ့လဲလှယ်တဲ့အခါ ယူရိုနဲ့ယန်းငွေ တန်ဖိုးမြင့်တက်လာတာကလည်း ရူပီး တန်ဖိုးကိုအထောက်အကူဖြစ်စေကြောင်း ငွေကြေးဝယ်ရောင်းသမားတွေကပြော ပါတယ်။
ဂျပန်ယန်း ယူရိုဇုန်ကထုတ်ပြန်တဲ့ စီးပွားရေး ကိန်းဂဏန်းတွေအားနည်းနေတာရယ်၊ ဆိုက်ပရပ်ကိစ္စနဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေတာရယ်ကြောင့်တခြားအဓိကငွေ ကြေးတွေနဲ့ဖလှယ်ရာမှာ မတ် ၂၂ ရက် ကယူရိုတန်ဖိုးကျဆင်းပြီးဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ဒေါ်လာနဲ့ ဖလှယ်ရာမှာယန်းငွေတန်ဖိုးမြင့် တက်ခဲ့ ပါတယ်။ ယူရိုငွေကြေးတန်ဖိုးက မတ် ၂၀ ရက်ကတစ်ယူရိုကို ၁ ဒသမ ၂၉၃၇ ဒေါ်လာနှုန်းရှိနေရာမှ ၂၁ ရက်နေ့ နံနက်ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၉၀၂ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ ယန်းငွေနဲ့ ဖလှယ်ရာ မှာတစ်ယူရိုကို ၁၂၄ ဒသမ ၁၇ ယန်း နှုန်းမှ ၁၂၂ ဒသမ ၅၈ ယန်းနှုန်းသို့ ယူရိုတန်ဖိုးကျခဲ့ပါတယ်။ ဒေါ်လာ/ယန်း ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၉၅ ဒသမ ၉၈ ယန်း မှ မတ် ၂၂ ရက်နေ့မှာ တစ်ဒေါ်လာ ကို ၉၅ ဒသမ ၀၁ ယန်းသို့ ဒေါ်လာ တန်ဖိုးရောက်ရှိပြီး ဒေါ်လာတန်ဖိုးကျ ဆင်းခဲ့ပါတယ်။
မလေးရှားရင်းဂစ် မလေးရှားဈေးကွက်ကို ရင်းနှီး မြှုပ်နှံသူတွေက ယုံကြည်မှုတိုးတက် ကောင်းမွန်လာပြီး ရင်းဂစ်ငွေကြေးကို ဝယ်ယူရန်စိတ်ပါဝင်စားလာကြတဲ့ အတွက်မတ် ၂၂ ရက်မနက်ပိုင်းဈေးမှာ ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ရင်းဂစ်တန် ဖိုးမြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းသမား တွေကပြောပါတယ်။ ရင်းဂစ်တန်ဖိုးက မတ် ၂၁ ရက် နေ့ဈေးပိတ်ချိန်ကတစ်ဒေါ်လာကို ၃ ဒသမ ၁၂၀၀ ရင်းဂစ်နှုန်းရှိနေရာမှ မတ် ၂၂ ရက်ကမနက် ၉ နာရီ ၂၅ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၁၇၀ ရင်း ဂစ်နှုန်းဖြင့်ရင်းဂစ် တန်ဖိုးမြင်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဝမ်ငွေတန်ဖိုးက စက်တင်ဘာ ၂၆ ရက်မှ ယခုလအတွင်းဒေါ်လာနဲ့ ဖ လှယ်ရာမှာ အနိမ့်ဆုံးအဆင့်ကို ကျ ဆင်းခဲ့ပါတယ်။ ဇန်နဝါရီမှ ယခုအချိန် ထိ ၅ ဒသမ ၇၅ ရာခိုင်နှုန်း တန်ဖိုးကျ ခဲ့ပါတယ်။ ဂျပန်နဲ့ ဂူအမ်ရှိ အမေရိကန် ပြည်ထောင်စုစစ်အခြေစိုက်စခန်းများ ကို အမြှောက်နဲ့ပစ်ခတ်မယ်ဟု မြောက် ကိုရီးယားကခြိမ်းခြော က်နေခြင်းနဲ့ ငွေ လဲလှယ်နှုန်းတည်ငြိမ်ဖို့အတွက် တောင် ကိုရီးယားအစိုးရက နိုင်ငံအတွင်း သို့ ငွေကြေးစီးဝင်မှု ကိုထိန်းချုပ်နေခြင်းတို့ က ဝမ်ငွေတန်ဖိုးကိုအကျိုး သက်ရောက် စေခဲ့ပါတယ်။ မတ် ၂၂ ရက်နေ့မှာ ဝမ် တန်ဖိုးကတစ်ဒေါ်လာကို ၁၁၁၉ ဒသမ ၃၅ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းနိုင်ငံထဲကို ပြည်ပငွေကြေး စီးဝင်မှုတွေများခဲ့တဲ့အတွက် ထိုင်း ဘတ်တန်ဖိုးက မတ် ၂၁ ရက်နေ့မှာ ၁၉၉၇ ခုနှစ်အာရှဘဏ္ဍာရေးအကျပ် အတည်းမဖြစ်မီနောက်ဆုံးတွေ့ခဲ့ရတဲ့ အဆင့်ထိရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘတ်ငွေတန်ဖိုးတက် နေတဲ့အစိုးရကဝင်ရောက်စွက်ဖက်မဲ့ အခြေအနေတွေကြောင့် ဘတ်ငွေ တန်ဖိုးပြန်လည်ကျဆင်းခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းထိကျဆင်းပြီး တစ်ဒေါ်လာ ကို ၂၉ ဒသမ ၂၂ ဘတ်နှုန်းထိရောက် ရှိခဲ့ပါတယ်။ မတ် ၂၀ ရက်နေ့ကမူ တစ်ဒေါ်လာ ၂၉ ဒသမ ၀၇ ဘတ်နှုန်း ဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်းတန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။