Main menu

Background

ထိုင်းနိုင်ငံက ဘတ်ငွေတန်ဖိုး ထိန်းချုပ်မည်မဟုတ်

Mon, 04/08/2013 - 13:37 -- ydnar

လက်ရှိရောက်နေတဲ့အဆင့်အရ ဘတ်ငွေတန်ဖိုးအဆက်မပြတ်မြင့်တက် နေတာကိုအရေးယူပြီးထိန်းချုပ်ဆောင် ရွက်ဖို့မလိုသေးကြောင်း ထိုင်းဘဏ္ဍာ ရေးဝန်ကြီးကစ်တီရပ်နာရနောင်းက မတ် ၂၀ ရက်က ပြောပါတယ်။ မတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်မဲ့စီးပွားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးနဲ့ငွေကြေးရဲ့ အခြေအနေကိုဆွေးနွေးမယ်လို့ ဝန်ကြီး ကပြောပါတယ်။ ဘတ်ငွေတန်ဖိုးက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ လျင်မြန်စွာ တိုးတက်ခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုး အတက်အကျ ဖြစ်နေတာကိုသဘာ၀ မဟုတ်တဲ့နည်းတွေနဲ့အသုံးပြုရင် အဲဒီ လိုအသုံးပြုတာက ကြောက်ရွံ့မှုတွေ ဖြစ်လာနိုင်တဲ့အပြင် ထိုင်းနိုင်ငံကို အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းက အယုံအကြည်ပြိုကွဲသွားလိမ့်မယ်လို့ မစ္စတာကစ်တီရပ်က ပြောပါတယ်။

ထိုင်းဘတ် ငွေကြေး တန်ဖိုးကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဆောင် ရွက်မယ်ဆိုရင်အတိုးနှုန်း လျှော့ချတာ ကတစ်ခု တည်းသောနည်းလမ်းမဟုတ် ပေမဲ့ အခြေအနေတိုးတက် ကောင်းမွန် လာဖို့ အတွက် ဗဟိုဘဏ်ကချမှတ်ထား တဲ့ သဘာဝမကျတဲ့ ပေါ်လစီနှုန်းကို လျှော့ချ ရပါလိမ့်မယ်။ ဗဟိုဘဏ်က ငွေကြေး မူဝါဒ ကိုင်တွယ်ဖြေရှင်းတာ ကိုသူကဝင် ရောက်စွက်ဖက်မှုမပြုဘူးလို့ ကစ်တီရတ် က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံ တည်ငြိမ်မှုရှိစေဖို့အတွက် ဗဟို ဘဏ်နဲ့အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်မှာကိုတော့ စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ မတ် ၁၉ ရက်ကပြုလုပ်တဲ့ ဝန်ကြီး အဖွဲ့အစည်းအဝေးမှာ စီးပွားရေးအခြေ  ခံအဆောက်အဦ ဖွံ့ဖြိုးရေးဘတ်ငွေ နှစ်ထရီလီယံချေးယူဥဒေကြမ်းကိုအတည် ပြုပေးခဲ့ကြောင်း စီးပွားရေးမူဝါဒတွေ ကို ဖြေရှင်းရာမှာ ဒုတိယဝန်ကြီးချုပ် တာဝန်ယူထားရတဲ့ကစ်တီရပ်က ပြော ပါတယ်။ အစိုးရ ချမှတ်ထားတဲ့ မဟာ စီမံကိန်းကြီးတွေက ပြည်တွင်း ငွေကြေး အဖွဲ့အစည်း တွေဆီကရတဲ့ချေးငွေနဲ့ တည်ဆောက်မှာ ဖြစ်တဲ့ အပြင်နိုင်ငံခြား ငွေတွေစီးဝင်လာတာကို ထိန်းချုပ်ရာမှာ အထောက်အကူ ဖြစ်စေမဲ့မတည် ရင်း နှီးမှု ကုန်ပစ္စည်းတွေ တင်သွင်းတာကို လည်း ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်ကငွေလဲလှယ်နှုန်းတည် ငြိမ်အောင်သာဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝယ်ယူဖြည့် တင်းရေးလုပ်ငန်းတွေကို ယခုနှစ်နှောင်း ပိုင်းနဲ့ လာမဲ့နှစ်ဦးပိုင်းမှသာစနိုင်မှာ ဖြစ် လို့ အသီးအပွင့်တွေမြင်ရဖို့ အချိန်ယူ ရဦးမှာဖြစ်ကြောင်း သူကပြောပါတယ်။