Main menu

Background

ကြက်အသဲအမြစ်နဲ့ ပုစွန်ဖော့ပုံးများ Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိရပြန်

Mon, 04/08/2013 - 14:51 -- ydnar

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတား ဆီးရေး တာဝန်ထမ်းဆောင်နေသော Mobile Team  အဖွဲ့-၂ ဟာ မတ်လ ၁၉ ရက်နေ့ သန်းခေါင်ယံအချိန် ၀၀း၂၀ နာရီမှာ ကျိုက်ထိုဘက်မှမောင်းနှင်လာတဲ့ ၆ ဘီးယာဉ် ၉က/**** အားစစ်ဆေးရာ မှာ တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ကြက်အသဲအမြစ် ၇၈၄ ကီလိုဂရမ်နဲ့ ပုစွန် ၃၈၅ ကီလိုဂရမ်အား စစ်ဆေးတွေ့ရှိသိမ်းဆည်းမှု ပြုလုပ် ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ပုပ်သိုးပျက်စီးလွယ်ပစ္စည်းများဖြစ်တဲ့အတွက် ဝေါမြို့ စည်ပင်သာယာရေးဦးစီးဌာနကိုယ်စားလှယ် သတင်းနဲ့စာနယ် ဇင်းအဖွဲ့ကိုယ်စားလှယ်၊ Mobile Team အဖွဲ့ (၂) တို့ စည်းဝေးညှိနှိုင်းပြီးဖျက်ဆီး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း သားငါးထွက်ကုန်များ တရား မဝင်တင်သွင်းရောင်းချမှုပြုလုပ်သည် ကို တွေ့ရှိက မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို သတင်းပေးအကြောင်း ကြားရန်၊ ဒါမှမဟုတ်လျှင် သက်ဆိုင်ရာ မြို့နယ်က မွေးမြူရေး နဲ့ ကုသရေးဦးစီးဌာနရုံးတွေမှတစ်ဆင့်လည်း အကြောင်းကြား နိုင်တယ် လို့ မြန်မာနို င်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တာဝန်ရှိသူတစ်ဦးက ပြော ကြားသွားခဲ့ပါတယ်။ တရားမဝင်တင်သွင်းလာတဲ့ စားသောက် ကုန်နဲ့သားငါးပစ္စည်းများမှာ သက်တမ်းကုန်ပစ္စည်းများ ပါဝင်တဲ့အတွက် စားသုံးသူများကိုအန္တရာယ်ဖြစ်စေသလို ပြည်တွင်းထွက်ကုန်ဈေးကွက်ကိုလည်း ထိခိုက်လာစေနိုင် တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံက သိရပါတယ်။ ထိုသို့ တရားမဝင် တင်သွင်းမှုများကို Mobile Team အဖွဲ့များက ရှာဖွေစစ်ဆေးနေသလို မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနကလည်းဆောင်ရွက်သွားမယ်လို့ သတင်းရရှိပါ တယ်။                          Source:လရ-၂MTN