Main menu

Background

ဖျာပုံခရိုင်နွေစပါး ဈေးကောင်းနဲ့ဖွင့်

Mon, 04/08/2013 - 15:06 -- ydnar

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ စိန်ဟိုင်း၊ ကရင်ကုန်းနဲ့ ဗိုလ်တေဇကျေးရွာများမှာ နွေစပါးများထွက်ပေါ်နေပြီး တာထွက်စပါး ဈေးကောင်းရနေကြောင်း တောင်သူများထံမှ သိရပါတယ်။

ကရင်ကုန်ကျေးရွာကတောင်သူတစ်ဦးက "ကျွန်တော်လယ်ဧက ၂၀ လုပ်ပြီး၊ သီးထပ်ရင်စပါးစိုက်ပါတယ်။၊ ဒီနှစ်တစ်ဧကအထွက်နှုန်း ၈၀ တင်းလောက်ပဲ ထွက်ပါတယ်။ မနှစ်က တင်း ၁၂၀ လောက်ထွက်တယ်။ ဒီနှစ်အထွက်နှုန်းတွေ လျော့သလို စပါးပိုးလည်းကျတယ်။ ထွက်တဲ့စပါး အရည်အသွေးကောင်းတယ်။ ဒါပေမဲ့ ကြိတ်ခွဲရင် ဆန်ထွက်နှုန်းလျော့သွားတယ်လို့ စက်ပိုင်တွေက ပြောပါတယ်။ ဆိုချင်တာက စပါးတင်း ၁၀၀ ကိုကြိတ်ခွဲရင် မနှစ်ကစပါးက ဆန်အိတ် ၂၀ လောက်ရတယ်။ အခုစပါးက ၁၇-၁၈ အိတ်ထက်မပိုဘူးလို့ ဆိုတယ်။ ဒီနှစ်ကတစ်ဧကထုတ်လုပ်မှုစရိတ်လည်းပိုကုန်တယ်။ စပါးအထွက်နှုန်းတွေ လျော့သွားတာကတော့ မိုးစပါးတုန်းက အချိန်အခါမဟုတ် မိုးရွာလို့ လယ်တွေရေမြှုပ်ထားတဲ့အရှိန်ကြောင့်လို့ထင်တယ်။ စပါးတွေ ပိုးကျသလို မြေဆီလည်း ပိုကျွေးရတယ်။ တစ်ဧကကုန်ကျစရိတ်က ၁၈၀၀၀၀ ကျပ် အကျော်မှာရှိတယ်။ မနှစ်ကလို စပါးတင်း ၁၀၀ ကို ၃၀၀၀၀၀ ကျပ်ဈေးနဲ့ ဆို ဒီနှစ်ခွက်ခွက် လန်အောင်ရှုံးတော့မှာ၊ အခုစပါးဈေးကောင်းလေးရလိုက်လို့ စပါးတင်း ၁၀၀ ပေါင် ၅၀ ကိုက်ကို ၄ သိန်းဈေးပေးတယ်လို့ တောင်သူ ဦးဘကြည်က ပြော ပါတယ်။ ယခုနွေစပါးပေါ်ချိန်မှာ ဈေးရနေတဲ့ တောင်သူအချို့ ကျေနပ်နေသလို မရိတ်သိမ်းရသေးဘဲ ကျန်ရှိနေတဲ့တောင်သူ အချို့ကတော့ စပါးဈေးကျသွားမှာကို စိုးရိမ်နေကြကြောင်းပါ။မင်းဇော်မွန် -ဖျာပုံ