Main menu

Background

ပင်လယ်ရေကြောင်းမှ စင်္ကာပူနိုင်ငံသို့ ရော်ဘာတန် ၂၀၀ ကျော်တင်ပို့

Mon, 04/08/2013 - 15:06 -- ydnar

မတ်လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၄၁ သန်းတန်ဖိုးရှိ ရော်ဘာ  MSR-20  ၂၆၅ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသို့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် တန် ၂၀၀ ကျော်လျော့နည်းခဲ့ပါ တယ်။ ပြည်တွင်းရော် ဘာဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့တင်ပို့ရန်ခက်ခဲနေပြီး၊ လိုအပ်တဲ့ရော်ဘာ ကုန်ကြမ်းများကို တရုတ်ကုန်သည်များက ကျေးလက်ဒေသအထိ ဆင်းပြီး ကြိုက်ဈေးပေးကာတိုက်ရိုက် ဝယ်ယူလျက်ရှိနေ တာကြောင့် ပြည်ပသို့တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နိုင်ငံတကာရော်ဘာဈေးများ မှာလည်း ထပ်မံကျဆင်းသဖြင့် မိမိတို့ရဲ့ပြည်ပပို့မဲ့ရော်ဘာများကို တစ်တန်လျှင် ဒေါ်လာ ၁၀၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5  နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber   တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ဈေးနှုန်းထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရှိရပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)